မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 04/05/2024 - 03:37 -- bordertrade

                မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၃၆၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၉၄၉) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၃၁၈) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၃၁) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၆၆.၀၀၀) တန်၊ (၀.၀၃၀၇) ဒေါ်လာသန်း၊ ငရုတ်သီး (၆၆.၃၅၂) တန်၊ တန်ဖိုး (၀.၀၄၈၂) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၁.၃၀၀) တန်၊ တန်ဖိုး (၀.၀၅၈၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁၀) တန် တန်ဖိုး (၀.၀၀၃၃) ဒေါ်လာသန်း၊ ကြွေပြား (၃၆၅) M2 ၊ တန်ဖိုး (၀.၀၀၀၉) ဒေါ်လာသန်း၊ အမွှေးဆီ (၇၅) တန်၊ တန်ဖိုး (၀.၀၈၉၅) ဒေါ်လာသန်း၊ ဖိနပ် (၄၈၀၀) ရံ၊  တန်ဖိုး (၀.၀၀၀၆) ဒေါ်လာသန်း၊ ကော်ဇော (၁) တန်၊ တန်ဖိုး (၀.၀၀၀၆) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၇၀.၄၅၇) ဒေါ်လာနှုန်း၊ ပုစွန် (၂၀၂၀၀.၅၄၁) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၅၀.၇၈၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၈၃၅.၃၄၂) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၆၅.၁၅၂) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၂၆.၄၂၉) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၃၃၀) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၄၇) ဒေါ်လာနှုန်း၊ ဖိနပ်တစ်ရံ (၀.၁၃)  ဒေါ်လာနှုန်း၊ ကော်ဇော (၆၀၀) ဒေါ်လာနှုန်း၊ အမွှေးဆီ (၁၁၈၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages