ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှုများ

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနတွင်း သင်တန်းများဖြစ်သည့် လုပ်ထုံးလုပ်နည်း သင်တန်း များ ၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ တရုတ်ဘာသာစကားသင်တန်းများ၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများ နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်း များကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ဆောင်ရွက်လျက်ရှိပါသည်။
ဦးစီးဌာန ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများ ဖွင့်လှစ်သည့်အပြင် ပို့ကုန်သွင်းကုန် ကုန်သည်လုပ်ငန်းရှင်များအတွက် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) ရှိ ကုန်သွယ်မှု သင်တန်းကျောင်း (TTI ) မှ ကုန်သွယ်မှုဆိုင်ရာ ဘာသာရပ်များ၊ နိုင်ငံတကာ ကုန်သွယ်မှု နည်းလမ်းများ ၊ စည်းမျဉ်းများစသည့် အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ် သင်တန်းများ ဖွင့်လှစ် ပို့ချလျက် ရှိပါသည်။
ထို့ပြင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်  မြန်မာ နိုင်ငံ၏ အဓိက စီးပွားရေးမြို့ကြီးများ တွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်း နှင့် UMFCCI တို့တွင် ဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်းများအတွက် သင်တန်းများ တွင် ဆွေးနွေးပို့ချ ခြင်း များဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အများပြည်သူထံသို့ ဦးစီးဌာနမှ အွန်လိုင်းဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများ နှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များ၊ မူဝါဒပိုင်းဆိုင်ရာ သိသင့်သည့်အချက်များနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။