အီလက်ထရောနစ် ငွေပေးချေမှုစနစ်

e-Payment System ဖြင့်ပေးချေခြင်း

  
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လ (၁)ရက်နေ့မှ စတင်ပြီး E-Payment စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင်များ လျှောက်ထားသော လိုင်စင်များ အတွက် လိုင်စင် ကြေးများနှင့် လိုင်စင် စတင် လျှောက်ထားသည့် Online Application Fee တို့ကို ၎င်းတို့ မြန်မာနိုင်ငံသားများ ဘဏ်တွင် ထည့်သွင်းထားသော ကြိုတင် လက်ခံ ငွေများထဲမှ အလိုအလျောက် ထုတ်နုတ် ပေးသွားသော ဆော့ဝဲလ်ဖြစ် ပါသည်။ ကုန်သွယ်ရေးဦးစီးဌာနတွင်အသုံးပြုလျှက်ရှိ ပါသည်။
အဆိုပါ စနစ်အား အသုံးပြုခြင်းအားဖြင့် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် လိုင်စင် လျှောက်ထား/ ထုတ်ယူမှုနှင့် ပတ်သက်သည့် ပေးသွင်းရန် လိုအပ်သည့် ငွေသားများအား သယ်ဆောင်/ သိမ်းဆည်းရခြင်း မရှိတော့ဘဲ လျင်မြန် လွယ်ကူ၊ အချိန်ကုန် သက်သာစွာ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။
    ကုန်သွယ်ရေးဦးစီးဌာနသည် Tradenet 2.0 စနစ် ၊ Online CO စနစ် နှင့် VMS-QR စနစ် တို့တွင် ငွေပေးချေသည့် လုပ်ငန်းစဉ်များကို MPU (e-commerce pay) ဖြင့်ပေးသွင်းသည့်စနစ် အပြင် MCB Bank ၏ Citizen Pay စနစ်ဖြင့် ပေးသွင်းနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ Online Sales Registrationစနစ်တွင် ငွေပေးချေမှုအား AYA pay၊ MPU (e-commerce pay)၊ KBZ pay၊ uab pay ၊ Citizen payစသည့် Mobile pay ငွေပေးချေမှု စနစ်များ ဖြင့် ပေးသွင်းနိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။