ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်း

Myanmar Tradenet 2.0 System (https://www.myanmartradenet.com)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းနှင့် လိုင်စင်/ပါမစ်ထုတ်ပေးရေးဆိုင်ရာ ဝန်ဆောင်မှု ကိစ္စများအတွက် လျှောက်ထားထုတ်ယူနိုင်သည့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထား သည့် Import Export License and Permit System (IELPS)၊  Border Trade Online System (BTOS) စနစ်များကို ၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ Myanmar Tradenet Website မှတဆင့် Fully Online Licensing System စနစ်အား ကုန်ပစ္စည်းအမယ် (၄၃) မျိုးဖြင့် စတင်အသုံးပြုခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကုန်သွယ်မှု ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများအားလုံးကို ခေတ်မီနည်းပညာနှင့်အညီ မြန်ဆန်လွယ်ကူစွာဖြင့် အွန်လိုင်းအပြည့်အဝ အသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်သော Myanmar Tradenet 2.0 စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အဆင့်မြှင့်တင်ထားသော Myanmar Tradenet 2.0 စနစ်ကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်းသည် ပိုမိုကောင်းမွန် ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများကို လျှောက်ထားရာတွင် အထောက်အကူ ဖြစ်စေနိုင်ရန်၊ ဒေသတွင်း ကုန်သွယ်မှုကို လျှင်မြန်လွယ်ကူ ချောမွေ့လာစေရန်၊ e-Government နှင့် အစိုးရမူဝါဒပိုင်း ဆိုင်ရာ ပိုမိုပွင့်လင်း မြင်သာစေရန်နှင့် နည်းပညာဆိုင်ရာစီးပွားရေးနှင့် e-Commerce စနစ်များ အရှိန်မြှင့်တင်နိုင်ရန်တို့အတွက်ဖြစ်ပါသည်။
ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို အွန်လိုင်းစနစ်အပြည့်အဝ အသုံးပြု ဆောင်ရွက်နိုင်သော Myanmar Tradenet 2.0 စနစ်အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ တွင် စတင်အသုံးပြုခဲ့ပြီး အောက်ပါလုပ်ငန်းများကို လျှောက်ထားဆောင် ရွက်နိုင်ပါသည်-
၁။    Tradenet Member လျှောက်ထားခြင်း၊
၂။    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်
၃။    လက်လီ/လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊
၄။    ယမကာတင်သွင်းခွင့်မှတ်ပုံတင်လက်မှတ်၊
၅။    အကောက်ခွန်လွတ်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်၊
၆။    စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်၊
၇။    Show Room ဖွင့်လှစ်၍ မော်တော်ယာဉ်သစ်များ တင်သွင်းရောင်းချခွင့်ပြု လက်မှတ်၊
၈။    Show Room ဖွင့်လှစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၉။    Sale Center ဖွင့်လှစ်၍ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊
၁၀။    Sale Centre ဖွင့်လှစ်၍ လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြု လက်မှတ်၊
၁၁။    Re-Export မှတ်ပုံတင်လက်မှတ်၊
၁၂။    ပင်လယ်ရေကြောင်း/နယ်စပ် ပို့ကုန်လိုင်စင်ပါမစ်
၁၃။ ပင်လယ်ရေကြောင်း/နယ်စပ် သွင်းကုန်လိုင်စင်ပါမစ်
 


ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အချက်အလက်များကို ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန၏ MyCo စနစ်နှင့် ချိတ်ဆက်၍ရယူခြင်း၊  အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်ဖြင့်ချိတ်ဆက်၍ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် အချက်အလက် များနှင့် လိုင်စင်ပါမစ်အချက်အလက်များပေးပို့ခြင်း၊ မြန်မာနိုင်ငံအထည်ချုပ်အသင်း၏ MGMA စနစ်ဖြင့်ချိတ်ဆက်၍ CMP အထည်ချုပ်သွင်းကုန်လိုင်စင်အချက် အလက်များရယူခြင်း၊ မြန်မာ နိုင်ငံဗဟိုဘဏ်၏ နေ့စဥ် ငွေလဲလှယ်နှုန်းများဖော်ပြထားသည့် Website ဖြင့်ချိတ်ဆက်၍ ငွေလဲလှယ်နှုန်းထားများကို လည်းကောင်း စသည်တို့အား API နည်းပညာဖြင့် ချိတ်ဆက် ၍  အချက်အလက်များ Real Time ရယူ/ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။



ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုလုပ်ငန်းများကို MPU E-commerce Pay စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ လိုင်စင်ဆိုင်ရာ ထောက်ခံချက်ပေးရသည့် ကုန်သွယ်မှုဆက်စပ် ဌာန/အသင်းအဖွဲ့(၅၄)ခုမှလည်း Tradenet 2.0 စနစ်အတွင်းဝင်ရောက်အသုံးပြု၍ လိုင်စင်ဆိုင် ရာ  ထောက်ခံချက်ပေးသည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။