အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်အမျိုးအစားများ

Certificate of Origin (CO) Online Application System  

  
    ပို့ကုန်တင်ပို့သူများအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်လျှောက်ထားမှုများကို ပိုမို လွယ်ကူစေရန်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနသည် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များအား Online စနစ်ဖြင့် လျှောက်ထားအသုံးပြုနိုင် ရေး အကောင်အထည်ဖော်ဆောင်ရွက်ထားပါသည်။
    Certificate of Origin (CO) Online Application System မှ အကောက်ခွန် သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Preferential Certificate of Origin-CO) များဖြစ်သော ATIGA EForm D၊ Form A၊ Form AANZ ၊ Form AHK ၊ Form AI ၊ Form AJ ၊ Form AK၊ Form China ၊ Form DFTP ၊ Form E ၊ Form Korea၊ Form RCEP  စသည့် Form (၁၂) မျိုး၊ ထုတ်ကုန်မှတ်ပုံတင် လက်မှတ်(Certificate of Product Registration)၊ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ (Certified Exporter-CE) တို့ကို ခွင့်ပြုပေးလျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ ငွေပေးချေမှု လုပ်ငန်းများကို MPU e-Commerce Pay စနစ်ဖြင့် ပေးချေနိုင်ရေး ဆောင်ရွက်ထားပါသည်။
    Certificate of Origin (CO) Online Application System ကို (၁၂-၁၂-၂၀၁၈) ရက်နေ့ မှ စတင်၍ နေပြည်တော်၊ ရန်ကုန် ၊ MIC(OSS) ၊ သီလဝါတို့တွင်လည်းကောင်း၊ (၁-၇-၂၀၂၁) ရက်နေ့တွင် မူဆယ်နှင့် မြဝတီကုန်သွယ်ရေးဇုန်တို့တွင်လည်းကောင်း၊ (၁-၉-၂၀၂၁) ရက်နေ့မှ စတင်၍ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ မယ်စဲ့၊ ထီးခီး၊ မောတောင် တို့တွင်လည်းကောင်း အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။
    Certificate of Origin (CO) Online Application System မှ Form D အား Document ထုတ်ပေးမှုအပြင် Electronic အချက်အလက်များအား အကောက်ခွန်ဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်ထားရှိသော National Single Window Routing Platform (NSWRP) မှတဆင့် ASEAN Single Window (ASW) စနစ်သို့ချိတ်ဆက်၍ ATIGA e-Form D လဲလှယ် နိုင်ရေးတို့ကို (၁-၁-၂၀၂၁) ရက်နေ့မှစတင်၍ ပေးပို့လျက်ရှိပါသည်။
    မြန်မာနိုင်ငံပါဝင်အကောင်အထည်ဖော်ဆောင်လျက်ရှိသော Free Trade Area (၇) ခုအနက် အာဆီယံ-ကိုရီးယား ၊ အာဆီယံ-ဟောင်ကောင်၊ အာဆီယံ-သြစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ-ဂျပန် FTA တို့၏ ခွင့်ပြုထုတ်ပေးသော CO Form (၅) မျိုးပေါ်တွင် ရုံးတံဆိပ်(e-seal) နှင့် အရာရှိလက်မှတ် (e-signature)တို့အား အီလက်ထရောနစ်စနစ်ဖြင့် အသုံးပြုစိစစ် ထုတ်ပေး နိုင်ရေးနှင့် ကုန်သည် လုပ်ငန်းရှင်များ၏လက်မှတ်များအား အီလက်ထရောနစ်စနစ်ဖြင့် စနစ်အတွင်းထည့်သွင်း ဆောင်ရွက် ခဲ့ပြီး (၁-၁-၂၀၂၁) ရက်နေ့မှစတင်၍ အဆိုပါ CO Form (၅) မျိုးပေါ်တွင် Electronic Seal and Signature ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။
    ထို့ပြင် ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ်ခွင့်ပြုထုတ်ပေးလိုက်သော CO Form များအား သက်ဆိုင်ရာကုန်တင်သွင်းနိုင်ငံ အကောက်ခွန်ဌာနများမှ အလွယ်တကူစိစစ်နိုင်ရန်ရည်ရွယ်၍ CO Verification Platform (https://verificationco.myanmartradenet.com/) အား (၁-၁-၂၀၂၁) ရက်နေ့မှစတင်၍ အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

    အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အရ ပြည်ပမှသွင်းကုန်-ကုန်ကြမ်း ပါဝင်ထုတ်လုပ်သောထုတ်ကုန်များအတွက်စက်မှုထုတ်ကုန်မှတ်ပုံတင်လက်မှတ် (Certificate of Product Registration) များကို Online CO Application System ဖြင့်စိစစ်ခွင့်ပြုထုတ် ပေးလျက်ရှိပါသည်။ 
    ထို့အပြင် Online CO Application System တွင်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန် ဖြစ်ကြောင်းကြေညာသည့်စနစ် (Self-certification System)ကို အသုံးပြုမည့် ပို့ကုန်လုပ်ငန်းရှင် များအတွက် အတည်ပြုပို့ကုန်တင်ပို့သူ(Certified Exporter-CE) အဖြစ်မှတ်ပုံတင်စိစစ်ခွင့်ပြု ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးလျက်ရှိသည်။
    Online CO Application System တွင် RCEP Form နှင့်ဆက်စပ်ကတ် လျှောက်ထား ခွင့်ပြုထုတ်ပေးနိုင်ရေး နည်းပညာပိုင်းအရ စနစ်တွင်ဆောင်ရွက်ခဲ့ပြီး (၁-၁၁-၂၀၂၂) ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။
    (https://onlineco.myanmartradenet.com)