အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု
ကမ္ဘာ့စီးပွါးရေးနာလန်ထဖို့ ခက်ခဲနေဦးမယ်လိ့ု ယူဆရပြီး သြဂုတ်လအတွင်း ပြည်ပကို တင်ပို့မှုမှာ ဇူလိုင်လကထက် အားနည်းနေဦးမယ်၊ ကုန်သွယ်ရေးပိုငွေပြမှု ကျဆင်းနေဦးမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဆက်သွယ် ရေးဘဏ်ရဲ့ ဘဏ္ဍာရေးသုတေသနဗဟိုအဖွဲ့မှ ထုတ်ပြန်တဲ့
ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုလည်း လျော့ကျသွားရာ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ကုန်သွယ်ရေးပိုငွေပြမှု လျော့ကျသွားတယ်လိ့ု သိရတယ်။ ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံသာ ပိုငွေပြခဲ့ကြောင်း
အီးယူဒေသကြွေးမြီ အကျပ်အတည်းကာလ တာရှည်လာရာ ယူရိုငွေကို ဝယ်လိုအားနည်းလာပြီး ကန် ဒေါ်လာကိုသာ စိတ်ချရတဲ့ငွေကြေးအဖြစ် ဝယ်လိုအားများလာပြီး ကန်ဒေါ်လာတန်ဖိုး မြင့်မားလာတယ်။ အီးယူ ဒေသတွင်း စီးပွားရေးအား အကောင်းဆုံး
ဇူလိုင်လအတွင်း အမေရိကန်ရဲ့ အလုပ်အကိုင် ခန့်ထားမှုနှုန်းက ခန့်မှန်း ထားတဲ့ပမာဏထက် ပိုမိုခဲ့ခြင်း၊ ကာရေ ဗီယံပင်လယ်ရှိ အပူပိုင်းမုန်တိုင်း အာ နက်စတိုက ဟာရီကိန်းအဖြစ် အရှိန်ပြင်းလာနိုင်ပြီး
အာရှအကြီးဆုံး ဝယ်လက်များ ဟာ ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် ဝယ်လိုအား နှေးကွေးပုံမရှိဘဲ ပဲပုပ်နဲ့ ပဲပုပ်ဖတ် တင်သွင်းမှု မြင့်တက်လာ တယ်လို့ Oil World မှ ဆိုပါတယ်။ ဧပြီလမှ ဇွန်လအထိ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံ တို့မှ
FAO က ၂၀၁၂ အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ခန့်မှန်း ချက်ကိုလျှော့ချခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ရောင်းအားက ဝယ်လိုအားထက်ကျော်လွန်နေဦးမှာဖြစ်ပြီး၊ ဆန်တင်ပို့တဲ့ နိုင်ငံ များက ပြည်ပတင်ပို့မှု ပိတ်ပင်ဖွယ်မရှိတာကြောင့် စားနပ်ရိက္ခာ အကျပ်အတည်း တိုးလာဖို့မရှိဘူးလို့
Date: 8 August 2012
ဇွန်လအတွင်း တရုတ်နိုင်ငံသည် ဟောင်ကောင်မှ ရွှေကို ဝယ်ယူတင်သွင်းရာတွင် ကီလိုဂရမ်ပေါင်း ၆၇၇၄၇ သာ တင်သွင်းနိုင်ခဲ့သဖြင့် မေလတင်သွင်းမှု ပမာဏထက် ၁၀ % ကျဆင်းခဲ့သည်ဟု ဟောင်ကော် သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ စာရင်းထုတ်ပြန်ခဲ့သည်။
ယင်းကာလတွင် ရွှေတင်သွင်းမှု ကျဆင်းသော်လည်း နှစ်အလိုက် ရွှေတင်သွင်းမှု ပမာဏကို ကြည့်လျှင် တိုးတက်လာသည်ဟု သိရသည်။ ၂၀၁၂ ခုနှစ် ပထမ (၆) လအတွင်း တရုတ်နိုင်ငံသည် ဟောင်ကောင်မှ ရွှေတန်ချိန် ၃၈၂.၇၉ တန် တင်သွင်းခဲ့ကြောင်း၊ ၂၀၁၁ ပထမ (၆) လအတွင်းက တန်ချိန် ၆၄.၉၅ တန်သာ တင်သွင်းခဲ့သဖြင့် ယခုနှစ် ပထမ (၆) လအတွင်း တန်ချိန် ၃၀၇.၈၄ တန် ပိုမိုတင်သွင်း ကြောင်း သိရသည်။
တင်သွင်းမှု မြင့်မားသည့်အပြင် ယင်းကာလအတွင်း တရုတ်ပြည်တွင်း ရွှေထုတ်လုပ်မှုသည်လည်း ၇.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ချိန် ၁၇၇ တန် ထုတ်လုပ်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ ရွှေအသင်းက ပြောကြား ခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အေးနေသဖြင့် တရုတ် နိုင်ငံ၏ ရွှေဝယ်လိုအားလည်း နှေးကွေးလာသည်။ ထို့ကြောင့် တစ်နှစ်တာလုံးအတွက် ရွှေဝယ်လိုအားကို ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း မြင့်မားမည် ခန့်မှန်းထားပြီး တန်ချိန် ၈၇၀ ရှိနိုင်သည်ဟု ကမ္ဘာ့ရွှေကောင်စီ (WGC) က ခန့်မှန်းထားသည်။ ယခင်ခန့်မှန်းချက်မှာ တန်ချိန် ၁၀၀၀ ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်းက တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားသည် ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းမြင့်မားကာ တန်ချိန် စုစုပေါင်း ၇၆၉.၈ တန် ရှိခဲ့သည်ဟု WGC ၏ စာရင်းများအရ သိရသည်။
Source: dawn.com, bloomberg.com
pa pa
Date: 8 August 2012
သြဂုတ်လအတွင်း ထိုင်းဆန်ကို အာဖရိကနှင့် အီရတ်နိုင်ငံများမှ ဝယ်လိုအားရှိလာသည်ဟု သိရသည်။ အာဖရိကနိုင်ငံများသည် ထိုင်းပေါင်းဆန်အပြင် ဆန်ဖြူ (၂၅ % ဆန်ကွဲ) ကိုလည်း ဝယ်လိုအား ရှိနေသည်။ သို့သော် ထိုင်းနိုင်ငံတွင် ဆန်အများစုကို အစိုးရမှ ဝယ်ယူသိုလှောင်ပြီး ဖြစ်နေသဖြင့် ဈေးကွက်အတွင်း ဆန်ဖြူ (၂၅ % ဆန်ကွဲ) နည်းပါးနေသည်။ ထို့ကြောင့် ဆန်တင်ပို့သူများသည် အာဖရိကသို့ ဆန်တင်ပို့ ရောင်းချရန် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ ဆန်များကို ဝယ်ယူနေကြသည်ဟု သိရသည်။
ထို့ကြောင့် သြဂုတ်လ (၈) ရက်နေ့ ဗီယက်နမ် ဆန်ဖြူအမျိုးအစားအားလုံး ဈေးနှုန်းများသည် လဆန်း ပိုင်းကထက် တစ်တန်လျှင် ၁၅ ဒေါ်လာမှ ၂၀ ဒေါ်လာထိ ဈေးမြင့်လာသည်။ အထူးသဖြင့် ဆန်ဖြူ (၁၅ % ဆန်ကွဲ) နှင့် ဆန်ဖြူ ((၂၅ % ဆန်ကွဲ) ဈေးနှုန်းများ တစ်တန်လျှင် ၂၀ ဒေါ်လာစီ ဈေးမြင့်လာသည်။
သြဂုတ်လဆန်းက တစ်တန်လျှင် ၃၉၅ ဒေါ်လာရှိခဲ့သော ဗီယက်နမ် ဆန်ဖြူ (၁၅ % ဆန်ကွဲ) သည် သြဂုတ်လ (၈) ရက်နေ့တွင် တစ်တန်လျှင် ၄၁၅ ဒေါ်လာသို့ ရောက်ရှိလာသည်။ ဗီယက်နမ် ဆန်ဖြူ (၂၅ % ဆန်ကွဲ) သည်လည်း ၃၈၀ ဒေါ်လာမှ ၄၀၀ ဒေါ်လာအထိ မြင့်မားလာသည်။
ထိုင်းနိုင်ငံမှ ဆန်တင်ပို့သူများသည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဆန်ဝယ်ယူတင်သွင်း ရာတွင် နယ်စပ်မှတဆင့်မှောင်ခိုတင်သွင်းမှုများနေသဖြင့် ထိုင်းနိုင်ငံသို့မည်မျှဝယ်ယူ တင်သွင်းပြီး ဖြစ်သည်ကို ခန့်မှန်း၍မရကြောင်း ဆန်တင်ပို့သူများက ပြောကြသည်။
Source: business.asiaone.com
pa pa
ခရီးသွားများ ရွှေအမြောက်အမြား တိုင်းပြည်တွင်းသို့ သယ်ဆောင်လာမှုနဲ့ တိုင်းပြည်မှယူငင်မှုများကို တားမြစ် သွားရန်အတွက် ဗီယက်နမ်အစိုးရစဉ်း စားနေတယ်လို့ သတင်းရရှိပါတယ်။ အနည်းအကျဉ်း သယ်ယူမှုကိုတော့ အကောက်ခွန်ဌာနရဲ့ ခွင့်ပြုချက် နဲ့ ဆောင်ရွက်နိုင်မယ်လို့