ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ ဆန်များကို ထိုင်းမှ ဆန်တင်ပို့သူများ ဝယ်ယူနေသဖြင့် ဈေးနှုန်း မြင့်မားလာ

Thu, 08/09/2012 - 09:39 -- Anonymous (not verified)

Date: 8 August 2012

သြဂုတ်လအတွင်း ထိုင်းဆန်ကို အာဖရိကနှင့် အီရတ်နိုင်ငံများမှ ဝယ်လိုအားရှိလာသည်ဟု သိရသည်။ အာဖရိကနိုင်ငံများသည် ထိုင်းပေါင်းဆန်အပြင် ဆန်ဖြူ (၂၅ % ဆန်ကွဲ) ကိုလည်း ဝယ်လိုအား ရှိနေသည်။ သို့သော် ထိုင်းနိုင်ငံတွင် ဆန်အများစုကို အစိုးရမှ ဝယ်ယူသိုလှောင်ပြီး ဖြစ်နေသဖြင့် ဈေးကွက်အတွင်း ဆန်ဖြူ (၂၅ % ဆန်ကွဲ) နည်းပါးနေသည်။ ထို့ကြောင့် ဆန်တင်ပို့သူများသည် အာဖရိကသို့ ဆန်တင်ပို့ ရောင်းချရန် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ ဆန်များကို ဝယ်ယူနေကြသည်ဟု သိရသည်။

ထို့ကြောင့် သြဂုတ်လ (၈) ရက်နေ့ ဗီယက်နမ် ဆန်ဖြူအမျိုးအစားအားလုံး ဈေးနှုန်းများသည် လဆန်း ပိုင်းကထက် တစ်တန်လျှင် ၁၅ ဒေါ်လာမှ ၂၀ ဒေါ်လာထိ ဈေးမြင့်လာသည်။ အထူးသဖြင့် ဆန်ဖြူ (၁၅ % ဆန်ကွဲ) နှင့် ဆန်ဖြူ ((၂၅ % ဆန်ကွဲ) ဈေးနှုန်းများ တစ်တန်လျှင် ၂၀ ဒေါ်လာစီ ဈေးမြင့်လာသည်။

သြဂုတ်လဆန်းက တစ်တန်လျှင် ၃၉၅ ဒေါ်လာရှိခဲ့သော ဗီယက်နမ် ဆန်ဖြူ (၁၅ % ဆန်ကွဲ) သည် သြဂုတ်လ (၈) ရက်နေ့တွင် တစ်တန်လျှင် ၄၁၅ ဒေါ်လာသို့ ရောက်ရှိလာသည်။ ဗီယက်နမ် ဆန်ဖြူ (၂၅ % ဆန်ကွဲ) သည်လည်း ၃၈၀ ဒေါ်လာမှ ၄၀၀ ဒေါ်လာအထိ မြင့်မားလာသည်။

ထိုင်းနိုင်ငံမှ ဆန်တင်ပို့သူများသည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဆန်ဝယ်ယူတင်သွင်း ရာတွင် နယ်စပ်မှတဆင့်မှောင်ခိုတင်သွင်းမှုများနေသဖြင့် ထိုင်းနိုင်ငံသို့မည်မျှဝယ်ယူ တင်သွင်းပြီး ဖြစ်သည်ကို ခန့်မှန်း၍မရကြောင်း ဆန်တင်ပို့သူများက ပြောကြသည်။

Source: business.asiaone.com

pa pa