၂၀၁၇-၁၈ ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၃ သိန်းခန့်တင်ပို့နိုင်ခဲ့ ဘင်္ဂလားဒေ့ရှ်နှင့် ဆန်တန်ချိန်သုံးသိန်း ထပ်မံတင်ပို့နိုင်ရေး စာချုပ်ချုပ်ဆို

Thu, 09/14/2017 - 08:37 -- admin_ygn

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနအနေဖြင့် ပို့ကုန်မြှင့်တင်ရေးကို ဦးစား ပေးဆောင်ရွက်လျက်ရှိရာ  လယ်ယာထွက်ကုန် အုပ်စုဖြစ်သည့် ဆန်နှင့်ဆန်ကွဲကို ပိုမိုတင်ပို့နိုင် ရေးအတွက် အထူးအလေး ထားေ ဆာင်ရွက်လျက် ရှိသည်။ယင်းကဲ့သို့  ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ဆန်ဈေးကွက် အသစ် ရှာဖွေခြင်း၊ အစိုးရအချင်းချင်း စာချုပ်ချုပ်   ဆိုဝယ်ယူသည့်စနစ(Government to Government)  တို့ဖြင့် မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောင်းချနိုင်ရန်   ကြိုးပမ်းလုပ်ဆောင်လျက်ရှိ သည်။ယခု ဘဏ္ဍာနှစ် သြဂုတ်လအထိ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ကြည့်မည်ဆိုပါက အမေရိကန် ဒေါ်လာ  ၃၇၅ ဒသမ ၁၈၈ သန်းတန်ဖိုးရှိ ဆန် နှင့်ဆန်ကွဲတန်ချိန်  စုစုပေါင်း ၁၃ သိန်းခန့်ကို တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် နှစ်သန်း တင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ ငါးလတာ ကာလအတွင်း ဆန်တန်ချိန် ၁၃ သိန်းခန့် တင်ပို့ နိုင်ခဲ့ပြီဖြစ်သည်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ် လအထိ ဆန်နှင့်ဆန်ကွဲတင်ပို့သည့် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိသည်။ ယခင်နှစ်ကာလတူက ဆန်နှင့် ဆန်ကွဲ တင်ပို့သည့်နိုင်ငံပေါင်း ၃၁ နိုင်ငံရှိရာ ယခုနှစ်တွင် နိုင်ငံေ ပါင်း ၂၂ နိုင်ငံ ဈေးကွက်ပိုမို ရရှိခဲ့သည်။
ယခုနှစ်တွင် ဆန်နှင့်ဆန်ကွဲ အများဆုံးတင် ပို့သည့် နိုင်ငံများမှာ တရုတ်၊ ဘယ်လ်ဂျီယံ၊ ဘင်္ဂ လားဒေ့ရှ်နှင့် မက်ဒါဂါးစကားနိုင်ငံတို့ဖြစ်သည်။ တရုတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင် ခဲ့ရုံ သာမက ယခု ဘဏ္ဍာနှစ်အတွက် ဆန်နှင့် ဆန်ကွဲ အများဆုံး တင်ပို့ခဲ့သည့်နိုင်ငံဖြစ်သည်။
ဆန်နှင့်ဆန်ကွဲတင်ပို့မှုတွင် ယခင်နှစ်ကာလ တူက တန်ချိန် ၄ ဒသမ ၇ သိန်း၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၆၁ သန်းရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်  ကာလတူ တင်ပို့မှုမှာ တန်ချိန် ၁၃ သိန်းခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၅ သန်း ရ ရှိခဲ့ သည်။ ထို့ကြောင့် ယခင်နှစ်ကာလတူ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၈ သိန်းကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၄ သန်းဖြစ်၍ ၁၃၃ ရာခိုင်နှုန်း ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့သည်။တင်ပို့မှုအခြေအနေ အရ ပင်လယ်ေ ရကြောင်း ကုန်သွယ်မှုမှ ၂၆၅ ရာခိုင်နှုန်း၊  နယ်စပ်ကုန် သွယ်ရေးမှ ၇၆ ရာခိုင်နှုန်း  ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရသည်။ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ဆန်ဈေး ကွက်သစ်များရှာဖွေရေးအတွက်   အဓိကဦးစား ပေးဆောင် ရွက် လျက်ရှိသည်။ အလားတူ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရောင်းချရာတွင် ဈေးကွက်ဝေစုများ ခိုင်မာစွာရရှိရေးကို  လည်းကောင်း၊ ဈေးကွက် တစ်ခုတည်းကို မှီခိုခြင်းမရှိဘဲ ဈေးကွက်အများ အပြားအား ဖြန့်ကြက်ထားသည့်မူဝါဒကို လက် တွေ့ကျင့်သုံးကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဧပြီလ အတွင်းတွင် ဆန်တင်ပို့သည့်ဈေးကွက်သစ်  လေးခု ကို တင်ပို့နိုင်ခဲ့သည်။ ယင်းဈေးကွက်သစ်လေးခုမှာ  ဂီနီဘစ်ဆောနိုင်ငံ၊ အင်ဒိုရာနိုင်ငံ၊ မော်ရစ်သျှစ် နိုင်ငံ၊ ဂီနီနိုင်ငံတို့ဖြစ်သည်။ ဂီနီဘစ်ဆောနိုင်ငံ သို့ ဆန်တန်ချိန် ၂၅၀၊ အင်ဒိုရာနိုင်ငံသို့ ဆန် ၅၂၅ တန်၊ ဆန်ကွဲ တန်ချိန် ၂၅၀၊  မောရေးသျှစ် နိုင်ငံသို့ ဆန်ကွဲ ၁၅၆ တန်၊ ဂီနီနိုင်ငံသို့ ဆန်တန် ချိန် ၁၀၀၀ တင်ပို့နိုင်ခဲ့သည်။မေလအတွင်း တွင်   ဈေးကွက် သစ်အဖြစ်  တိုဂိုနိုင်ငံနှင့်  ဘီနင်နိုင်ငံတို့ကို ရှာဖွေနိုင်ခဲ့ပြီး တိုဂိုနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၀၊ ဘီနင်နိုင်ငံ သို့ ဆန်တန်ချိန် ၂၅၀ တင်ပို့နိုင်ခဲ့သည်။
ဇွန်လအတွင်းတွင် ဆီနီဂေါနိုင်ငံသို့ ဈေး ကွက်သစ်အဖြစ် ဆန်တန်ချိန် ၂၅၀ နှင့် ဆန်ကွဲ တန်ချိန် ၅၀၀ တင်ပို့နိုင်ခဲ့သည်။ဇူလိုင်လအတွင်းတွင် ဂျီဘူတီနိုင်ငံ၊ နီဂျာနိုင်ငံ နှင့် အိုင်ဗရီကို့စ်နိုင်ငံတို့ကို ဈေးကွက်သစ်အဖြစ်  ရှာဖွေနို င်ခဲ့ပြီး ဂျီဘူတီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀၀၊ နီဂျာနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀၊ အိုင်ဗရီ ကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀ တင်ပို့နိုင်ခဲ့  သည်။သြဂုတ်လအတွင်း တွင် ဈေးကွက်သစ်အဖြစ်  ဂမ်ဘီယာနိုင်ငံ၊ ဂါနာနိုင်ငံ၊ ကင်ညာနိုင်ငံ၊ မား ယက်တ်နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ကို ဈေး ကွက်သစ်အဖြစ်ရှာဖွေနိုင်ခဲ့သည်။ ဂမ်ဘီယာနိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၂၅၀၊ ဂါနာနိုင်ငံသို့ ဆန်တန် ချိန် ၁၃၀၀၀၊ ကင်ညာနိုင်ငံသို့ ဆန် ၈၇၅တန်၊ မားယက်တ်နိုင်ငံသို့ ဆန် ၁၂၅ တန်နှင့်နိုင်ဂျီးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ တင်ပို့ခဲ့ကြောင်း စာရင်းများအရ သိရသည်။
ထို့ကြောင့် ယခုဘဏ္ဍာနှစ် သြဂုတ်လအထိ ဆန်ဈေးကွက်သစ်နိုင်ငံပေါင်း ၁၅ နိုင်ငံကို ရှာဖွေ နိုင်ခဲ့ပြီး အမေရိကန်  ဒေါ်လာ ၅ ဒသမ ၄ သန်း ကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၁၈၉၂၅ တန်နှင့် အမေရိကန်ဒေါ်လာ  ၄ ဒသမ ၇ သိန်းကျော် တန်ဖိုးရှိသည့် ဆန်ကွဲတန်ချိန် ၁၉၀၆ တန်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ဈေးကွက်သစ်နိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲစုစုပေါင်းတင်ပို့နိုင်မှုမှာ အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၉သန်းကျော် တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန်စုစု ပေါင်း ၂၀၈၃၁ တန်ကို တင်ပို့နိုင်ခဲ့ သည်။မြန်မာနိုင်ငံ အနေဖြင့် ဆန်တင်ပို့ ရောင်းချ နိုင်ရန်အတွက် ဈေးကွက်သစ် များရှာဖွေရာတွင် အာဖရိကတိုက်အတွင်းရှိ နိုင်ငံများသည် မြန်မာ့ ဆန်ဈေးကွက်အတွက် ပစ်မှတ်ထားရမည့်နိုင်ငံများ ပင် ဖြစ်သည်။ယခုဘဏ္ဍာနှစ် သြဂုတ်လအထိ ဈေးကွက် သစ်ရှာေ ဖွနိုင်မှုကို သုံးသပ်ကြည့်ပါက အာဖရိက တိုက်အတွင်းမှ နိုင်ငံများသာဖြစ်နေသည်ကို တွေ့ ရှိရမည်ဖြစ်သည်။မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံ အများအပြားသို့ တင်ပို့နိုင်ရေးအတွက်    ကြိုးပမ်းကြရာတွင် အာဖရိကဈေးကွက်သာမက  အခြားသောလက် တင် အမေရိကနိုင်ငံများ၊ အာရပ်ကမ္ဘာမှ နိုင်ငံ များနှင့် အာရှတိုက်အတွင်းရှိ ဆန်လိုသောနိုင်ငံ များကိုပါ ရှာဖွေရမည်ဖြစ်သည်။မြန်မာ့ဆန် ကို လက်ရှိတင်ပို့နေသည့် ကမ္ဘာ့ နိုင်ငံများစာရင်းကို ကြည့်ပါက အာရှတိုက်မှ နိုင်ငံအနည်းစုသာရှိနေသည်ကို တွေ့ရမည်ဖြစ် သည်။
ထို့ပြင်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ဆန်ဈေးကွက်သစ်ရှာဖွေရန်သာမက ဆန်မျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် ဆန် အရည်အသွေးများ  ပိုမိုတိုးတက်လာရေးကိုပါ စပါးစိုက်ပျိုးသူ  တောင်သူများနှင့် ပူးပေါင်း ဆောင် ရွက်ကြရမည်ဖြစ်သည်။မြန်မာနိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်မုတ်သုံ ရာသီကာလအတွင်း အဆိုးရွားဆုံးသော ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် သီးနှံစိုက်ဧရိယာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နိုင်ငံအတွက် လိုအပ်သည့် ဆန်ကို ဆန်ထွက်ရှိ သည့် နိုင်ငံများမှ လိုက်လံဝယ်ယူလျက်ရှိသည်။ ယင်းသို့ ဝယ်ယူလျက်ရှိရာ ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ငါးသိန်းဝယ်ယူရန် စာချုပ် ချုပ်ဆို ခဲ့ကြောင်း အင်တာနက်သတင်းများအရ သိရ သည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေ ဖြင့်  ဆန်လိုအပ်ချက်  ရှိနေသေးသည်ဖြစ်ရာ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် (၈)ကြိမ်ေြ မာက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းကော်မရှင်(Joint TradeCommission)သို့သွားရောက်ခဲ့သည့် အစည်းအဝေးတွင် မြန်မာ နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်၊ပဲ တိုးမြှင့် တင် ပို့ရောင်း ချနိုင်ရေး အသေး စိတ်ညှိနှိုင်းဆွေးနွေးခဲ့ သည်။ ယင်းသို့ ဆွေးနွေးညှိနှိုင်းမှုအရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ သံအမတ်ကြီးမG to G  ဆန်ဝယ်ယူ နိုင်ရန်အတွက် ၂၀၁၇ခုနှစ်   ဇူလိုင်လအတွင်းထပ်မံလာရောက်ေ ဆွးနွေးညှိနှိုင်း ခဲ့သည်ယင်း ကဲ့သို့  ဆွေးနွေးညှိနှိုင်းချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီး ဦးဆောင် သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စက် တင်ဘာလ ၆ ရက်မှ ၉ ရက်အထိ မြန်မာနိုင်ငံ  သို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရေးအတွက် နားလည်မှု စာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါနားလည်မှုစာချွန်လွှာကို နေပြည် တော်၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဘင်္ဂလားဒေ့ရှ်  နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးMr. Advocate MD. Qamrul Islam, MP တို့  လက်မှတ်ရေးထိုးခဲ့ကြ သည်။အဆိုပါ နားလည်မှု စာချွန်လွှာသည် မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် နှစ် သိန်းခွဲနှင့် မြန်မာ့ပေါင်းဆန် တန်ချိန် ငါးသောင်း ကို ၂၀၁၇ ခုနှစ်မှစတင်၍ ငါးနှစ်တာကာလအတွင်း ဈေးကွက်ပေါက်ဈေးအတိုင်း  အရောင်းအဝယ် စာချုပ်များချုပ်ဆို၍ ဝယ်ယူသွားမည်ဖြစ်သည်။ယခုကဲ့သို့G to G  စနစ်ဖြင့်စာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခင်က  တန်းနိမ့်ဆန်များကိုသာ တင်ပို့ခဲ့ရာမှ ယခုအခါ တွင် တန်းလတ်၊ တန်းမြင့်နှင့် ပေါင်းဆန်များကို ပါ စနစ်တကျ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံမှဆန်များကို ွ အသ ွ အစီအစဉ်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ရာ တွင် ရန်ကုန်ဆိပ်ကမ်းများသာမက ပုသိမ်ဆိပ် ကမ်း၊ စစ်တွေဆိပ်ကမ်းတို့ကိုပါ ထည့်သွင်းအသုံး ပြု၍ သင်္ဘောတင်လုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဆန်စက်လုပ်ငန်းများနှင့် ဆန်စပါးတင်ပို့ရောင်း ချသည့် လုပ်ငန်းများဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်သည်။ထို့ကြောင့် မြန်မာ့ဆန်ဈေးကွက် ပိုမိုဖွံ့ဖြိုး  လာရေးအတွက် ဆန်ဈေးကွက်သစ် ရရှိရေးသည် ပိုမိုအရေးပါနေပြီဖြစ်သကဲ့သိုG to G စနစ်ဖြင့်  ဆန်တင်ပို့ ရောင်းချခြင်းဖြင့် ခိုင်မာသောဈေးကွက် တစ်ခုကို ရေရှည်ဆောင်ရွက်သွားနိုင်မည်ဖြစ် ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မယ်သီတာ

Local Trade News

Pages