အောင်လံဈေးကွက်မှာ ပဲတီစိမ်းအရောင်းအဝယ်အေး ပဲစင်းငုံနီနှင့် သိပ္ပံနှမ်း ပုံမှန်အရောင်းအဝယ်ဖြစ်

Thu, 03/31/2016 - 06:45 -- admin_ygn

    အောင်လံဈေးကွက်မှာ  ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ် လိုင်းအဝယ်အေးတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်အေး နေကြောင်း သိရပါတယ်။ ပဲစင်းငုံနီကိုအဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၂၁၈၅ ကျပ် (တစ်တန်ကို ၁၃၃၈၀၇၂ ကျပ်) ဈေးဖြင့် ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များကအရောင်းနည်းနေကြောင်း သိရပါတယ်။ ဒေသ ထွက်  သိပ္ပံနှမ်းကို ရန်ကုန်-မန္တလေးဝယ်လက်ကတစ်ပိဿာ ကို ၃၆၆၇ ကျပ် ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

Local Trade News

Pages