အိန္ဒိယနိုင်ငံထုတ် သားရေ၊ ချည်မျှင်တို့အပေါ် သွင်းကုန်ခွန်လျှော့ချပေးရန်နှင့် ဗီဇာမူဝါဒများဖြေလျှော့ပေးရန် ဥဇဘက်ကစ္စတန်နိုင်ငံအား အိန္ဒိယတိုက်တွန်း

Wed, 09/06/2017 - 08:38 -- admin_ygn

      ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဇစ်ကာမီလော့ဗ်နှင့် နိုင်ငံခြားကုန်သွယ် ရေးဝန်ကြီး  အယ်လ်ယာလာနီယက်ဗ်တို့သည် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ တရားဝင်ခရီးစဉ် လာရောက်ခဲ့စဉ် အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေရန်အတွက် ဥဇဘက်ကစ္စတန် အနေဖြင့် အိန္ဒိယကုန်စည်များပေါ်၌ သွင်းကုန်ခွန် လျှော့ချပေးရန်၊ အကောက်ခွန်လုပ်ထုံးလုပ်နည်း များ ရှင်းလင်းလွယ်ကူစေရေး ဆောင်ရွက်ရန်နှင့် ဗီဇာမူဝါဒများ ဖြေလျှော့ရန်တို့ကို အိန္ဒိယအစိုးရက အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။အိန္ဒိယမှ တင်သွင်းသည့် သားရေနှင့်ဖိနပ် တို့အပေါ် သွင်းကုန်ခွန် ၃၀ ရာခိုင်နှုန်းကောက်ခံ နေခြင်းအား ၁၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန် အပြင် အိန္ဒိယစက်မှုပို့ကုန်များ၊ ချည်မျှင်များ၊ အလှကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်လျှော့ ချပေးရေးတို့ကိုလည်း အိန္ဒိယဘက်က အဆိုပြုခဲ့ ကြောင်း၊ ဥဇဘက်ကစ္စတန်မှ သားရေကုန်ချောများ ကိုလည်း အိန္ဒိယအနေဖြင့် တင်သွင်းနိုင်ကြောင်း အိန္ဒိယကူူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြော ကြားခဲ့သည်။အိန္ဒိယနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ အကြား နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇၆ သန်းခန့်ရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် လက်ရှိတွင် ဥဇဘက်-အိန္ဒိယ ကုန်သွယ်ရေးစင်တာ  (Uzbek India Trading House) ဖွဲ့စည်းထားရှိပြီးဖြစ်ကာ အဆင့်အားလုံး၌ စီးပွားရေးဆက်ဆံမှု တိုးမြှင့်လာ စေရန်အတွက် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ပူးတွဲစီးပွားရေးကောင်စီတစ်ရပ်ကိုလည်း ဖွဲ့စည်းရန် အိန္ဒိယက အကြံပြုထားကြောင်း သိရှိရပါသည်။
              
  ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

Local Trade News

Pages