မုံရွာကြက်သွန်နီ/ဖြူ ဈေးကွက် ဈေးအနည်းငယ်မြင့်တက်

Tue, 01/17/2017 - 07:46 -- admin_ygn

ဇန်နဝါရီလဆန်းပတ်မှာ  မုံရွာပွဲရုံစားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ အဝင်နည်းသွား၍ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ပွဲရုံသို့ကြက်သွန်နီဝင်ရောက်မှုမှာ တစ်ရက် လျှင်ပိဿာ ၅၀၀၀ ခန့်သာ  အဝင်ရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ရန်ကုန်-မန္တလေးဝယ်လက် အဆွဲများအတွက် လုံလောက်မှုမရှိ၍ လက်လီသာ ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ ယခုတစ်ပတ်ကြက်သွန်နီဈေးနှုန်းမှာ ပွဲရုံ ဈေး(ကြီး)တစ်ပိဿာ ကျပ်၁၀၀၀၊ (လတ်) ကျပ် ၉၀၀၊ (သေး) ကျပ် ၈၀၀၊ လက်လီ ဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ် ၁၂၀၀၊ (လတ်) ကျပ် ၁၁၀၀၊ (သေး) ကျပ်၁၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးမြင့်တက်ကြောင်းသိရပါတယ်။ ယခု တစ်ပတ် ကြက်သွန်ဖြူဈေးနှုန်းမှာ  ပွဲရုံဈေး တစ်ပိဿာ (ဗမာ) ကျပ်၅၅၀၀၊ (ရှမ်း) ကျပ် ၄၈၀၀၊ လက်လီကတော့ တစ်ပိဿာ(ဗမာ) ကျပ် ၆၀၀၀၊ (ရှမ်း) ကျပ် ၅၀၀၀ ဖြစ်ပြီး အတက်အကျမရှိဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဈေးငြိမ်လျက်ရှိပြီး လက်လီအနေနဲ့နေ့စဉ်အိတ် ၅၀မှ၆၀ခန့် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း မုံရွာကြက်သွန်နီပွဲရုံမှ သိရပါတယ်။        
  ကြည်ကြည်နွယ်(မုံရွာ)

Local Trade News

Pages