မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် မြေပဲဆန်ဈေးငြိမ်လျက်ရှိ

Wed, 09/06/2017 - 08:21 -- admin_ygn

      မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ယခုတစ်ပတ် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန်ပေါက်ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်းဈေးငြိမ်လျက်ရှိပြီး   ဝင်ရောက်မှုလည်း နည်းလာ၍အဝင်ရှိသလောက် ဒေသတွင်း  ဆားလှော်သမား များနှင့် ဆီစက်သမားများက ဝယ်ယူလျက်ရှိကာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲဆန်များကို  မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ်အိတ် ၁၀၀၀ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ် ပိဿာပေါက်ဈေးနှုန်းမှာ (လုံးဆန်ဖြူ) ၂၃၅၀ ကျပ်နဲ့ အိတ် ၃၀၀ခန့်၊ (လုံးဆန်နီ) ၂၂၅၀ ကျပ်နဲ့ အိတ် ၃၀၀ ခန့်၊  (ဆီဆန်) ကျပ်၂၁၀၀ မှ ၂၂၀၀ နဲ့ အိတ် ၂၀၀ ခန့်အသီးသီး အရောင်း အဝယ် ပုံမှန်ဖြစ် လျက် ရှိကြောင်း သိရပါတယ်။  ယခင်တစ် ပတ်က မြေပဲဆန်တစ်ပိဿာပေါက် ဈေးနှုန်းမှာ(လုံးဆန်ဖြူ) ကျပ် ၂၄၀၀၊(လုံးဆန်နီ)ကျပ်၂၃၀၀၊ (ဆီဆန်)ကျပ်၂၁၀၀ နှုန်းပေါက်လို့ ယခုတစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးကွာခြား မှုမရှိကြောင်း တွေ့ရပါ တယ်။မြေပဲလုံးဆန်ဖြူကို ရန်ကုန်ဝယ်လက်က ဝယ်ယူလျက် လုံးဆန်နီကို မန္တလေး ဝယ်လက်က ဝယ်ယူပြီး ဆီဆန်ကို မုံရွာ မြို့တွင်းဆီစက်သမားများနှင့်ဘုတလင်၊ ခင်မွန်ဆီစက်သမား များက ဝယ်ယူလျက်ရှိလို့ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။
ကြည်ကြည်နွယ်( မုံရွာ)

Local Trade News

Pages