မအူပင်ခရိုင်တွင် နွေစပါးဈေးကောင်းရလျက်ရှိသကဲ့သို့ ကောက်စောစပါးများလည်း အခြေအနေကောင်းလျက်ရှိ

Wed, 09/06/2017 - 08:14 -- admin_ygn

     မအူပင်ခရိုင်တွင် နွေစပါးများဈေးကောင်းရလျက်ရှိ သကဲ့သို့ကောက်စောစပါးများလည်း  အခြေအနေကောင်း လျက်ရှိကြောင်း မအူပင်မြို့နယ်ဆန်စက်ပိုင်ရှင်တစ်ဦးကပြော ကြားခဲ့သည်။ မအူပင်မြို့နယ်ရှိကျော်ပဒေသာ ဆန်စက် ပိုင်ရှင် ဦးတင် မင်းက ယခုရက်ပိုင်းတွင်ပဲ့ထောင်များ၊ ထော်လာဂျီများနှင့် နေ့စဉ်စပါးတင်းတစ်ထောင်ကျော်လာရောက်ရောင်းချလျက် ရှိကြောင်း၊ ယခုကဲ့သို့ စပါးရောင်းအားကောင်းလာခြင်းမှာ နွေစပါးသီး ထပ်ရင် တင်းတစ်ရာလျှင်ကျပ် ၅၃၀၀၀၀ ရှိပြီး ဈေးကောင်းရနေကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ မအူပင်အနိမ့်ဆန်တစ်အိတ်လျှင်ကျပ် ၁၉၀၀၀ မှ ကျပ် ၂၀၀၀၀ တို့ဖြင့် လာရောက်ဝယ်ယူနေကြသဖြင့် အရောင်းအဝယ်သွက် လျက် ရှိေ ကြာင်း၊ထိုကဲ့သို့ နွေစပါးဈေးကောင်းရနေသဖြင့် လာမည့် တစ်လကျော်ခန့်တွင်  ထွက်ပေါ်တော့မည့် ကောက်စော စပါး ဈေးကွက်မှာလည်း အခြေအနေကောင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ မအူပင်ခရိုင် စားသုံး သူရေး ရာဦးစီးဌာနမှခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊မအူပင်မြို့နယ်ဆန်စက်ပိုင်ရှင်များအသင်းမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်မအူပင်မြို့နယ်ရှိ ဆန်စက်ကြီးများနှင့် ငါးပုံဟာလာ ဆန်စက်များကိုလိုင်စင်သက်တမ်းတိုးကိစ္စများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက်အသိပညာပေးကိစ္စများ၊ အခွန်ဘဏ္ဍာ များကိုစနစ်တကျလိုက်နာထမ်းဆောင်ရန်ကိစ္စများ၊ မအူပင် မြို့နယ်  ဆန်စပါးဈေး ကွက်အောင်မြင်ခိုင် မာရေး အတွက်ပူးပေါင်းဆောင်ရွက်ကြရန်ဆန်စက်တစ်စက်ချင်းစက်ပိုင်များ နှင့်တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ထိုကဲ့သို့ဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မ ည့်ဈေး ကွက်ရှာဖွေမှု မတည်ရင်းနှီးမှုအတွက် ဘဏ်များနှင့်ချိတ်ဆက်ပေးရန်၊ ကုမ္ပဏီ များနှင့်ချိတ်ဆက်ပေးနိုင်မှုတို့အပြင် စက်ပိုင်ရှင်အသင်းမှ လည်း လိုအပ်သည်များကို အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းနှင့်အညီ   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း    သတင်းရရှိပါ

သည်။
Comsumer MT

Local Trade News

Pages