ပြည်စားတော်ပဲ လက်လီဈေးကွက်မှာ ဈေးအမြင့်ဆုံးရ

Wed, 09/13/2017 - 05:33 -- admin_ygn

              ပြည်ဈေးကွက်ရဲ့ လက်လီရောင်းဝယ်မှုအဖြစ်များတဲ့ ပဲများထဲမှာ စား တော်ပဲဈေးက ထိပ်ဆုံး ရပ်တည်နေပါတယ်။ နှစ်စဉ်လိုလို ဈေးကောင်းရလျက် ရှိတာကိုတွေ့ရပြီး ယခုနှစ်ဈေးမှာတော့ တစ်တင်း ကျပ် ၄၆၀၀၀ ဖြင့်ပဲနီပြား၊ ဘိုကိတ်၊ ပဲလွန်းဖြူသီးနှံများထက်   ဈေးပိုရခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်လီသာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း  အိတ်အနည်းငယ်စီ ရောင်းချခဲ့ကြရပါတယ်။ ယခင်နှစ်က   စားတော်ပဲသီးနှံဈေးဟာ စက်တင် ဘာလအတွင်း တစ်တင်းကျပ် ၃၈၀၀၀ မှ  ကျပ် ၃၉၀၀၀ အတွင်း ရရှိခဲ့တဲ့ အတွက် ယခင်နှစ်က ဈေးကောင်းရနေခဲ့သလို ယခုနှစ်မှာ ဈေးဆက်ကောင်း နေတာကြောင့်  လက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။                                                                             

ခင်ဆွေဝင်း

Local Trade News

Pages