ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ နနွင်း

Thu, 05/17/2018 - 07:54 -- admin_ygn

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၉၇၈၈၃ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) တန် ၂၈၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့၃၁၈ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၈ တန် လျော့နည်းတင်ပို့ခဲ့ ပါတယ်။ရှမ်းစ နနွင်းက ပုံမှန်အရောင်းအဝယ်ရှိပြီး ဟိုပုံးနနွင်းကို အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ် ဝယ်လက်တွေကသာ  ဝယ်ယူကြတာလို့  သိရပါတယ်။  အောင်ပန်းဈေးကွက်မှာတော့ အရည်အသွေးပေါ်မူတည်ပြီး နနွင်းဈေးတွေ ကွာခြားတယ်လို့ ပွဲရုံတွေက  သတင်းရရှိ ပါတယ်။                                                                                     

 မော်မော်အောင်

Local Trade News

Pages