ပခုက္ကူဈေးကွက်၌ ကုလားပဲဈေးနှုန်းတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်

Tue, 07/09/2024 - 04:09 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော ကုလားပဲသီးနှံများလည်း ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲသီးနှံ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ် အတွင်းရှိကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများမှ ကုလားပဲသီးနှံများ ပခုက္ကူဈေးကွက်အတွင်းသို့ အများဆုံးဝင်ရောက်လျက်ရှိရာ ဒေသတွင်း သီးနှံပေါ်စအချိန်မှ ယခုအချိန် ထိ ကုလားပဲဈေးနှုန်းများ တည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ဈေးနှုန်းအနေဖြင့် ဇူလိုင်လပထမပတ်တွင် ကုလားပဲ(V2) တစ်တင်းလျှင် ငွေကျပ် ၈၂၅၀၀ ဖြင့် လည်းကောင်း၊ ကုလားပဲ(HL) တစ်တင်းလျှင် ငွေကျပ် ၈၃၀၀၀ ဖြင့်လည်းကောင်း၊ ကုလားပဲ(V6) တစ်တင်းလျှင် ငွေကျပ် ၈၄၅၀၀ ဖြင့် လည်းကောင်း၊ ကုလားပဲ(929) တစ်တင်းလျှင်ငွေကျပ် ၈၁၀၀၀ ဖြင့် လည်းကောင်း၊ ကုလားပဲ(ဗမာ)လုံးသေး တစ်တင်းလျှင် ငွေကျပ် ၇၉၀၀၀ ဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လနောက်ဆုံးပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း တည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်ရက်လျှင် ကုလားပဲ ၃၀ ပိဿာဝင်အိတ် ၅၀ မှ ၁၀၀ အထိ ဝင်ရောက်ပြီး တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်း ရှင်များမှ ဝယ်ယူသိုလှောင်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသခံတောင်သူများ၌ သီးနှံလက်ကျန် နည်း၍ ဒေသတွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages