ပြည်တွင်း၌ ဝယ်လိုအားမြင့်တက်နေသည့် သွင်းကုန်အစားထိုး ပီလောပီနံမှုန့်များ

Thu, 05/09/2024 - 04:08 -- mocadmin

   မွန်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် စိုက်ပျိုးရန်လွယ်ကူပြီး လုပ်အားခနှင့် ကုန်ကျ စရိတ်သက်သာသော ပီလောပီနံများကို နေရာအနှံ စိုက်ပျိုးလျက်ရှိပြီး အချို့ကျေးရွာများတွင် အိမ်ခြံ စည်းရိုးများတွင်ပင် စိုက်ပျိုးလျက်ရှိကြောင်း၊ ပီလောပီနံမှုန့်များကို စားသောက်ကုန်များဖြစ်သည့် ကော်မှုန့်၊ သာကူချောင်း၊ သာကူစေ့များ ပြုလုပ်ခြင်း၊ ဂျုံမှုန့်နှင့်ရောနှော၍ အသုံးပြုခြင်း၊ တိရစ္ဆာန်အစာတောင့်များအဖြစ် ပြုလုပ်ခြင်းတို့တွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

   ဝဥစက်ရုံများအနေဖြင့် ဇန်နဝါရီလနောက်ပိုင်း ဝဥရာသီ ကုန်ဆုံးချိန်တွင် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်း မဖြစ်စေရန် ပီလောပီနံများ ဆက်လက်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ စျေးနှုန်းအနေဖြင့် ပီလောပီနံ (အစို) တစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်း ၅၀၀-၁၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိပြီး အမှုန့်ကြိတ်ကာ အမှုန့်တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်ဖြင့် ရောင်းချကြကြောင်း၊ ယခင်နှစ်၌ ပီလောပီနံအမှုန့်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ပြည်ပမှ တင်သွင်းသည့် ဂျုံမှုန့်အစား ပီလောပီနံအမှုန့်များ အစားထိုး၍ အသုံးပြုလာသောကြောင့် ပြည်တွင်းဝယ်လိုအား မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

DOCA (မွန်)

Local Trade News

Pages