ပခုက္ကူဈေးကွက်တွင် သကြားပြောင်းဖူး ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်

Tue, 07/23/2024 - 03:14 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ သကြားပြောင်းဖူး စိုက်ပျိုးမှုများသည့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညို ကြီး၊ ကံလှ၊ နန်းတော်ရပ်ကျေးရွာများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိအထက်ညဉ့်ကျေးရွာနှင့် အောက်ညဉ့် ကျေးရွာတို့မှ သကြားပြောင်းဖူးများ အများဆုံး ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ၊ ဒုတိယပတ်တွင် ဈေးကွက်သို့ ပြောင်းဖူးများ ဝင်ရောက်မှု နည်းပါးကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ပြောင်းဖူးဈေးနှုန်းများ အနေဖြင့် ဇူလိုင်လ၊ ဒုတိယပတ်တွင် ပြောင်းဖူး အရွယ်အစားအပေါ် မူတည်၍ လက်ကားဈေး တစ်ဖူးလျှင် ငွေကျပ် ၆၀၀ ဖြင့်လည်းကောင်း၊ လက်လီဈေး တစ်ဖူးလျှင် ငွေကျပ် ၇၅၀-၈၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ၊ ဒုတိယပတ် ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက လက်ကားဈေး ပြောင်းဖူးတစ်ဖူးလျှင် ငွေကျပ် ၆၀၀-၇၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လ၊ ဒုတိယပတ်တွင် ပြောင်းဖူးဈေး ပိုမိုရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ဧရာဝတီမြစ်ရေတက်၍ ကိုင်းကျွန်းမြေရှိ ပြောင်းဖူးစိုက်ခင်းများတွင် မြစ်ရေဝင်နစ်မြုပ် ခြင်းကြောင့်ဈေးကွက်သို့ ပြောင်းဖူးဝင်ရောက်မှုနည်းပါးသည့်အတွက် ပြောင်းဖူးဈေးကောင်းရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages