နနွင်းတက် ပိုမိုတင်ပို့

Thu, 03/31/2016 - 06:39 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ်  ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်းတက် (ရှမ်းစ) ၂၁၄ တန်ခွဲကို ကန်ဒေါ်လာ ၁၅၇၀၀၃တန်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ် ကုန်သွယ်ရေး ဇုန်ကနေ နနွင်းတက် ၁၀၄ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် နနွင်းတင်ပို့မှု တန် ၁၁၀ထိပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ် တန်ရဲ့ မိမိဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ၈၇၃၅၀၂-၈၉၇၆၈၂ ကျပ်ဝန်းကျင်ခန့်ရှိ တယ်လို့သိရပါတယ်။စိုက်ပျိုးထားတဲ့ နနွင်းတက်တွေကို ဈေးကွက်ဝင်ရောင်းချရာမှာ မြေအောက်မှ တူးဖော်သန့်စင်ထားပြီးသား နနွင်းတက်များကို ရေနွေးနဲ့ပြုတ်၍ အခြောက်လှန်းပြီး တစ်ပိဿာကို၃၀၀၀ ကျပ်နဲ့ ကြိတ်ပါက  အခြောက်နနွင်းတက်တွေကို အမှုန့်ကြိတ် ဈေးကတော့ တစ်ပိဿာကို ၆၀၀၀ ကျပ်ခန့် ဈေးရရှိကြောင်း သိရပါတယ်။
မော်မော်အောင်

 

Local Trade News

Pages