ထမနဲပွဲတော်ကြောင့် ပြည်ချင်းများအရောင်းသွက်

Tue, 02/23/2016 - 06:18 -- admin_ygn

                  ယခုတစ်ပတ်အတွင်း အောင်ပန်း၊ တောင်ကြီးဘက်မှ  ချင်းများပြည်ဈေးကွက်သို့  ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိပြီး ယခုလဟာ တပို့တွဲလ ထမနဲ ပွဲတော်အချိန်ဖြစ်တဲ့အတွက် ချင်းအရောင်းအဝယ် သွက်လာတယ်လို့ ချင်းပွဲရုံများမှ သိရပါတယ်။ ချင်းတစ်ပိဿာကို (ရှယ်) ၉၀၀ ကျပ်၊ (ဂျွန်) ၇၀၀ ကျပ်ဖြင့် ယခင်တစ် ပတ်အတိုင်း ဈေးငြိမ်နေပြီး ဈေးကွက်မှတစ်ဆင့်ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့စားသုံးမှု အဖြစ် တစ်နေ့ကိုပိဿာချိန် ၅၀၀ ခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။

ဝင်းဝင်းခိုင်-ပြည်

 

Local Trade News

Pages