တပ်မတော်ခန်းမတွင်ပြုလုပ်မည့် ဟိုချီမင်း ကုန်စည်ပြပွဲတွင် Vietjet ပါဝင်ပြသမည်

Wed, 03/30/2016 - 08:30 -- admin_ygn

    လာမည့် ဧပြီ ၁ ရက်မှ ၃ ရက် အထိ တပ်မတော်ခန်းမတွင် ကျင်းပမည့် ဟိုချီမင်းမြို့တော်ကုန်စည်ပြပွဲတွင် စရိတ်သက်သာသောလေကြောင်း လိုင်းတစ်လိုင်းဖြစ်သည့် Vietjet လေကြောင်းလိုင်းမှပါဝင်ပြသမည် ဖြစ်ကြောင်း Vietjet လေကြောင်းလိုင်း၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါပြပွဲတွင်Vietjet ၏အနီရောင်ယူနီဖောင်းကို ဝတ်ဆင် ထားသည့် အကအဖွဲ့သည် ပြပွဲသုံးရက်စလုံးတွင် စိတ်လှုပ်ရှားဖွယ်ရာအစီ အစဉ်များ၊ ဖျော်ဖြေ ရေးအစီအစဉ်များဖြင့် ဧပြီ ၁ ရက်မှ ၃ရက်အထိ ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။ပြပွဲသို့လာရောက်လည်ပတ်သူများအားလည်း Vietjet ၏ကံစမ်းမဲအစီအစဉ်များမှတစ်ဆင့်ဗီယက်နမ်သို့သွားရောက်မည့် လေယာဉ်လက ်မှတ် ကို ၅၀ ရာခိုင်နှုန်း သက်သာခွင့်ရရှိမည်ဖြစ်ပြီး  လေယာဉ်လက်မှတ်များကို မြန်မာကျပ်ငွေ ၇၇၇ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည့်  အခွင့်အရေးကိုရရှိမည် ဖြစ်ကြောင်းသိရသည်။''Vietjet  ကရှေ့ဆက်ပြီး အာရှဒေသမှာ ပျံသန်း ရေးကွန်ရက်တွေ ချဲ့ထွင်သွားမည့်အပြင်များစွာသောအထူးအရောင်းမြင့်တင်ရေးတွေကို ပြုလုပ်သွားမှာဖြစ်ပြီးလူတိုင်း Vietjet နဲ့အတူပျံသန်းနိုင်အောင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှာကျင်းပတဲ့  ဟိုချီမင်းမြို့တော် ကုန်စည်ပြပွဲမှာ Vietjet ရဲ့ခရီးသွားတွေဖြစ်လာနိုင်တဲ့ ခရီးသွားတွေကို Vietjet အရောင်းကောင်တာမှာလာရောက်တွေ့ဆုံဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အနာဂတ်မှာအတူတူပျော်ပျော်ရွှင်ရွှင်ပျံသန်းကြမယ်လို့လည်းမျှော်လင့်ပါ တယ်''Vietjet ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူNguyen Thi Thuy Binhကပြောသည်။ဟိုချီမင်းမြို့တော်ကုန်စည်ပြပွဲသည် ဟိုချီမင်းမြို့တော် ရင်းနှီး မြှုပ်နှံ မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးစင်တာတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မည်သူ မဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။ဟိုချီမင်းမြို့တော်ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးစင်တာသည် Vietjet ကဲ့သို့သောကုမ္ပဏီများကိုတိုးတက်လျက်ရှိသော  မြန်မာဈေးကွက်အတွက် ရင်းနှီး မြှုပ်နှံမှု  အခွင့်အရေးများကို ရှာဖွေရရှိနိုင်မည့် ကောင်းမွန်သော အခွင့်အရေးများရရှိစေရန်လုပ်ဆောင်ပေးလျက်ရှိသည်။

Local Trade News

Pages