စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း ကိုရီးယားနိုင်ငံ၊ ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (KOTRA) rS Executive Vice President Mr. Yun Wonsok ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတ

Thu, 01/28/2016 - 05:28 -- admin_ygn

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းသည်ဇန်နဝါရီ ၁၉ ရက်တွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုရီးယားနိုင်ငံ၊ကိုရီးယား ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေးအေဂျင်စီမှExecutive Vice President ဖြစ်သူ Mr. Yun Wonsok ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အားလက်ခံတွေ့ဆုံသည်။အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ့ ကုန်သွယ် မှုမြှင့်တင်ရေး အဖွဲ့ (MYAN- TRADE)ဖွဲ့စည်းတည်ထောင်ရေးအတွက်အကောင်အထည်ဖော်ရာတွင်ဆက်လက်ပူးပေါင်းဆောင်ရွက်သွား ရမည့်ကိစ္စရပ်များ၊ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးအတွက်သတင်းအချက်အလက်များအပြန်အလှန် ဖလှယ်ခြင်းတို့အပါအဝင် e-commerce ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကိုရီးယားနိုင်ငံတွင် ကျင်းပမည့်ကုန်စည်ပြပွဲ များသို့ မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များသွားရောက်ပြသနိုင်ရေးတို့ နှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုအပြန် အလှန်ဆွေးနွေးခဲ့ကြသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှအမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

 

Local Trade News

Pages