ကန်ပိုက်တီးမှ တစ်သျှူးငှက်ပျောများတင်ပို့မှု အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက် တန်ချိန် ၄၀၀၀ ကျော်ပိုမို

Wed, 12/17/2014 - 13:37 -- admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလမှာ တစ်သျှူးငှက်ပျော ၄၄၅၅ တန်၊ တန်ဖိုးအားဖြင့် ကျပ် ၆၆၈ ဒသမ ၂၅၀ သန်းဖိုးတင်ပို့နိုင်ခဲ့ ပါတယ်။ အောက်တိုဘာလမှာ ၃၄၈ တန်၊ ယမန်နှစ် ကာလတူ နိုဝင်ဘာလမှာ  ၁၀၅ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ ယခုနိုဝင်ဘာလမှာ တစ်သျှူးငှက်ပျောတင်ပို့မှု အနီးစပ်ဆုံး ကာလထက် တန်  ၄၁၀၇ တန်နဲ့ ယမန်နှစ်ကာလ တူထက် ၄၃၅၀ တန် သိသိသာသာပိုလာပါတယ်။
   ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိကပို့ကုန်များမှာလည်း ပြောင်းနဲ့ တစ်သျှူ းငှက်ပျောသာဖြစ်ပါတယ်။  နိုဝင်ဘာလကုန်သွယ်မှုပမာဏများနှိုင်း ယှဉ်ကြည့်ရာမှာ လည်း အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုများပိုမိုဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။ ပို့ကုန်ပိုင်းမှာ တစ်သျှူးငှက်ပျောတင်ပို့မှုပိုမိုသလို ဖား ကန့်ဒေသကျောက် ထုတ်လုပ်ငန်းများအတွက် ယာဉ်ယန္တရားများတင်သွင်းမှုများလာတာကြောင့် ပို့ကုန်ပိုင်းမှာလည်းပိုမိုခဲ့ပါတယ်။
   နိုဝင်ဘာလအများဆုံးပို့ကုန်မှာ ပြောင်းဖူးစေ့နဲ့ တစ်သျှူ းငှက်ပျောဖြစ်ပြီး အများဆုံးသွင်းကုန်များမှာ ဘိလပ်မြေ၊ Hydraulic Dumper, Truck mounted Concerete Pump, Fire Fighting Truck (Brand New), Road Roller (Brand new) မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီနဲ့ လူသုံးအိမ်သုံးပစ္စည်းများဖြစ်ပါတယ်။ လတ်တလော မှာ  ကေအိုင်အေနဲ့ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့်ရော မြစ်ကြီးနား-ဖားကန့်လမ်းပြုပြင်ဆဲဖြစ်ခြင်းကြောင့်ပါ မြစ်ကြီးနားမှာ ယာဉ်ယန္တရားများကို ခေတ္တသိမ်းထားကြရသဖြင့် တင်သွင်းခွင့်ရပြီးသော်လည်း ထပ်မံမတင်သွင်းသေးဘဲ စောင့်ဆိုင်းနေကြတာလို့သိရပါတယ်။ ဖားကန့်သို့ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ သယ်ဆောင်နိုင်တဲ့အခါ မှာ တင်သွင်းမှုများ ပိုမိုဆောင်ရွက်လာနိုင်မယ်လို့ခန့်မှန်းထားပါတယ်။

MIRT (DCCA)

Border Trade News

Pages