အောင်ပန်းဈေးကွက်တွင် ချင်းဈေးပြန်လည်မြင့်တက်လာ

Tue, 10/03/2017 - 06:12 -- admin_ygn

     ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာတော့ ချင်းဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ဈေးကွက်မှာတော့ ချင်း(စို) အဝင်နည်းလာပါတယ်။ ပုံမှန်ဆိုရင် သီတင်းကျွတ်မတိုင်မီ အလှူအတန်းပြုလုပ်ဖို့အတွက် ထုတ်ရောင်းကြပေမ ယ့် ဒီနှစ်က တော့ ဈေးမကောင်းတာကြောင့် များများစားစားဝင်လာတာမရှိဘူးလို့ ဈေးကွက်မှ သိရပါတယ်။ ဈေးကွက်ရဲ့သဘာဝအရ အဝင်နည်းလာလို့ ဝယ်လက်တွေက ဝယ်လာတာကြောင့် ဈေးအနည်းငယ်ပြန်တက်လာပါ တယ်။ ချင်းခြောက်ကိုလည်း ပြည်တွင်းပရဆေးဖော်တဲ့ လုပ်ငန်းရှင်တွေက အနည်း ငယ်အဝယ်ရှိလာလို့ ဈေးပြန်တက်လာတယ်လို့လည်း သိရပါတယ်။ ချင်း(စို)ကို တော့ ဝယ်ယူနေကျ ဝယ်လက်တွေဖြစ်တဲ့ တပ်ကုန်း၊ ရန်ကုန်၊ ပြည်၊ မုံရွာမှ ဝယ် လက်တွေက အများဆုံးဝယ်ယူတာကြောင့် တစ်ပတ်အတွင်းမှာ ပိဿာချိန်ပေါင်း ရှစ်သောင်းငါးထောင်ခန့်နဲ့  ချင်းခြောက်ကတော့ ပိဿာချိန် နှစ်သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် ချင်းတစ် ပိဿာပေါက်ဈေး ကတော့ ချင်း(စို)က အနိမ့်ဆုံး ကျပ် ၂၀၀ မှ အမြင့်ဆုံး ကျပ် ၃၅၀၊ ချင်းခြောက်က ကျပ် ၁၀၀၀ မှ ကျပ် ၁၃၀၀ ဈေးရှိပါတယ်။

 

ဧဧခိုင်(တောင်ကြီး)

Local Trade News

Pages