အီကွစ်တီ ဈေးကွက်မှသည် စတော့အိတ်ချိန်းဆီသို့

Wed, 02/14/2018 - 06:58 -- admin_ygn

        ကုမ္ပဏီများမှရှယ်ယာများ စတင်ရောင်းချသည့်အချိန်တွင် ရင်း နှီးမြှုပ်နှံသူများမှ အပြိုင်အဆိုင်ဝယ်ယူကြခြင်းကြောင့် ရှယ်ယာဈေး မှာ သိသိသာသာမြင့်တက်လာလေ့ရှိပါသည်။ အထူးသဖြင့် စတင်ရောင်းချသည့်နေ့(သို့မဟုတ်) နာရီအနည်းငယ်အတွင်း တွင် ရှယ်ယာ ဈေးနှုန်းမှာမြင့်တက်လေ့ ရှိတတ်ပါသည်။ နယူးယောက်စတော့ ဈေးကွက်၏ သာဓကအရ ရှယ်ယာဈေးနှုန်းမှာ ကနဦးတွင် မြင့် တက်လာလေ့ရှိသော်လည်း  နောက်ပိုင်းတွင် ပြန်လည်ကျဆင်းတတ် သောကြောင့် ရင်းနှီးမြှုပ်နှံသူများသည် မူလေ ဈးနှုန်းထက် ချိုသာစွာ ဝယ်ယူနိုင်သည့်အခွင့်အရေးရှိပါသည်။ တစ်ခါတစ်ရံ စတင်ထုတ်ေ၀ ထားသည့်ဈေးကိုပင် အချိန်အတန်ကြာသည့်တိုင် ပြန်လည်ရောက် ရှိခြင်းမရှိသည့်အတွက် ဈေးကွက်ကျွမ်းကျင်သူများက ရှယ်ယာများ စတင်ရောင်းချသည့် အချိန် တွင် သာမန်ရှယ်ယာရှင်များအနေနှင့် ပါဝင်ရောင်းဝယ်ခြင်းမပြုသင့်ကြောင်း အကြံပြုထားပါသည်။ ထို့ကြောင့် ဈေးကွက်ကြီးကြပ်သူ အာဏာပိုင်များသည် ရှယ် ယာရောင်းချသည့်ကုမ္ပဏီများနှင့် တာဝန်ခံဖြန့်ချိပေးသည့်ရင်းနှီး မြှုပ်နှံမှုဘဏ်ကြီးများ၏ မလျော် ကန်သည့်ဆက်နွယ်မှုများကို စုံစမ်းထောက်လှမ်းလေ့ရှိပါသည်။ အချို့တာဝန်ခံဖြန့်ချိသည့် ရင်းနှီးမြှုပ် နှံမှုဘဏ်ကြီးများသည် မိမိတို့၏ ဖောက်သည်များသို့ မူရင်းကမ်း လှမ်းဈေးဖြင့်ရောင်းချကာ ၎င်းတို့က သာမန်ရင်းနှီးမြှုပ်နှံသူများသို့ အမြတ်ဖြင့် ပြန်လည်ေ ရာင်းချသည့်အတွက် ယင်းကိုလည်း အာဏာ ပိုင်များက စောင့်ကြည့်လေ့ရှိပါသည်။ အချို့သောရင်းနှီးမြှုပ်နှံမှု ဘဏ်များမှ ဝန်ထမ်းများအနေနှင့် ရောင်းချသည့် ရှယ်ယာများကို  ထုတ်ဈေးနှင့်ဝယ်ယူကာ သာမန်ရင်းနှီးမြှုပ်နှံသူများသို့ တက်ဈေးဖြင့် ရောင်း ချသည်ဟု စွပ်စွဲခံရခြင်းများလည်းရှိပါသည်။ ထို့ကြောင့် ဈေး ကွက်ထိန်းကျောင်းသည့် အာဏာပိုင်များသည်ရှယ်ယာများ စတင် ထုတ်ဝေရောင်းချသည့်အဆင့် (IPO) တွင်ပင် စနစ်တကျကြီးကြပ် ကွပ်ကဲကြရပါသည်။

ရှယ်ယာများပြန်လည်ဝယ်ယူခြင်း
      ကုမ္ပဏီတစ်ခုသည်  ရှယ်ယာများ ထုတ်ဝေရောင်းချသလို တစ်ခါတစ်ရံ ၎င်းင်းတို့၏ရှယ်ယာများကို ပြန်လည်ဝယ်ယူခြင်းလည်း ရှိတတ်ပါသည်။ ယင်းကို Repurchase သို့မဟုတ် Buy-back  ပြုလုပ် သည်ဟု ခေါ်ဆိုပါသည်။ ကုမ္ပဏီများသည် အောက်ေ ဖာ်ပြပါ အကြောင်းရင်းအမျိုးမျိုးဖြင့် ရှယ်ယာများကို ပြန်လည်ဝယ်ယူလေ့ ရှိပါသည်။ ကုမ္ပဏီတစ်ခုသည် ၎င်းထုတ်ဝေထားသည့် ရှယ်ယာအား လုံးကိုဝယ်ယူကာ အများနှင့်မသက်ဆိုင်သည့် ပုဂ္ဂလိက ပိုင်ကုမ္ပဏီအဖြစ်ပြန်လည် ပြောင်းလဲခြင်း၊ တစ်ခါတစ်ရံ ကုမ္ပဏီ၏ စွမ်းဆောင်ရည်ကောင်းမွန်သည့်တိုင် ၎င်းင်း၏ ရှယ်ယာဈေးများသည် ပေါက်ဈေးအောက် ရောက်နေ သည်ဟု ကုမ္ပဏီအရာရှိများက ထင်မြင်သည့်အတွက် ထုတ်ဝေထားသည့် ရှယ်ယာများ၏ တစ်စိတ်တစ်ပိုင်းကို ပြန်လည်ဝယ်ယူခြင်း၊ ရင်းနှီးငွေ များ ပိုလျှံနေသည့်အချိန်မျိုးတွင် ရှယ်ယာတချို့ကို ပြန်လည်ဝယ်ယူကာ ရှယ်ယာရှင်များသို့ ပြန်လည်ပေးအပ်ခြင်း၊ အချို့နိုင်ငံများသည် ရှယ်ယာရောင်းချခြင်းမှ မြတ်စွန်းသည့်ငွေ (Capital Gain)ကို အခွန်သက်သာခွင့်ပေးသောကြောင့် အမြတ်ေ၀ စုပေးခြင်း ထက် ရှယ် ယာပြန်လည်ဝယ်ယူ ရာမှရရှိသောငွေများဖြင့် ရှယ်ယာ ရှင်များသို့ ပြန်လည်ပေးအပ်သည့်အတွက် ရှယ်ယာရှင် များအဖို့ အကျိုးပိုမိုဖြစ်ထွန်းခြင်း၊ အချို့ကုမ္ပဏီများသည် ဝန်ထမ်းများသို့ ရှယ်ယာများပေး ဝေရန်ရှိသည့်အတွက် ဈေးကွက်မှ ရှယ်ယာ များ ပြန်လည် ဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစရိတ်ကို လျှော့ချရန်အတွက် ဈေး ကွက်ထဲရှိ ရှယ်ယာအရေအတွက် အနည်းငယ်သာပိုင်ဆိုင်သောရှယ်ယာရှင်များ၏ ရှယ်ယာများကို ပြန်လည် ဝယ်ယူခြင်းတို့ ဖြစ်ပါသည်။
           ရှယ်ယာများ ပြန်လည်ဝယ်ယူခြင်းမှာ အခွန်စနစ်နှင့်များစွာ ဆက်နွယ်လျက်ရှိပါသည်။ နိုင်ငံအတော်များများတွင် ဤစနစ်ကို တွင်ကျယ်စွာသုံးစွဲခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ရှယ်ယာများ ဈေးကွက်မှပြန်လည်ဝယ်ယူခြင်းသည် ကုမ္ပဏီအနေဖြင့် ရှယ်ယာ ဈေးကို ကြိုးကိုင်လိုသည့်အတွက်ကြောင့်ဟု မကြာခဏ ဝေဖန်ခံရ သောကြောင့် ဖြစ်သည်။ ကုမ္ပဏီသည် ပြန်လည်ဝယ်ယူထားသော ရှယ်ယာများကို မိမိတို့ကိုယ်ပိုင်စာရင်းအတွက် ထားရှိခြင်းကြောင့် ယင်းရှယ်ယာအတွက် မဲပေးပိုင်ခွင့်များမရှိေ တာ့ခြင်း၊ အမြတ်ဝေစု ပေးရန် မလိုတော့ခြင်း စသည့်အကျိုးများလည်း ရှိစေပါသည်။ သို့ သော်လည်း ကုမ္ပဏီသည် မိမိဝယ်ယူထားသည့် စတော့များကို ဝန်ထမ်းများသို့ ပေးဝေခြင်း၊ ကိုယ်ပိုင်စာရင်းအတွက် ထိန်းသိမ်း ထားခြင်းများကို ရှယ်ယာရှင်တို့ အတ ည်ပြုချက်ယူရန်မလိုဘဲ ဆောင် ရွက်နိုင်ပါသည်။ တစ်ခါတစ်ရံ ဝယ်ယူထားသည့် ရှယ်ယာများကိုဈေး ကွက်အတွင်းသို့ ပြန်လည်ထည့်ခြင်းကြောင့်  ရှယ်ယာရှင်များ၏ တန်ဖိုး ကျဆင်းသွားခြင်းလည်း ရှိတတ်ပါသည်။

ရှယ်ယာဈေးကိုအကျိုးသက်ရောက်စေသော အကြောင်းရင်းများ
        သီအိုရီအရရှယ်ယာတစ်စောင်၏ တန်ဖိုးသည် ကုမ္ပဏီတစ်ခု၏ ရှယ်ယာတစ်စောင်အတွက် အနာဂတ်တွင် ရရှိမည့်အမြတ်ငွေ၏ လက်ငင်းတန်ဖိုးများအပေါ်တွင် မူတည်ပါသည်။ တစ်နည်းဆိုရလျှင် ကုမ္ပဏီ၏ အနာဂတ်ကာလတွင် နှစ်အလိုက် မည်မျှမြ တ်စွန်းမည်ကို တန်ဖိုးလျှော့နှုန်းဖြင့် ပြန်လည်တွက်ချက်ကာ လက်ငင်းကာလတွင် မည်မျှ တန်ကြေးရှိမည်ကို ခန့်မှန်းခြင်းဖြစ်ပါသည်။ သို့သော်လည်း လက်တွေ့တွင် ဤခက်ခဲလှသော Discount Cash-flow တွက်ချက်နည်းဖြင့် မည်သူမျှ စတော့ဈေးကို မဖြ တ်ကြပါ။ အမှန်တကယ်တွင် ရှယ်ယာတစ်စောင်ကို ဝယ်ယူရောင်းချရာတွင် ကုမ္ပဏီ၏ ယေဘုယျကျသည့် အကြောင်းအရာများနှင့် ထူးခြားသည့် အခြေအနေများကိုသာအခြေခံ၍ တွက်ချက်လေ့ရှိပါသည်။ ဤ အခြေအနေနှစ်ရပ်ကို အောက်ဖော်ပြပါ အချက် များဖြင့် တင်ပြထား သော်လည်း မည်သည့်အချက်ကပို၍အရေးကြီးသည်ဟု မမှတ်ယူစေ လိုပါ။

ကုမ္ပဏီ၏ဝင်ငွေ
         ကုမ္ပဏီတစ်ခု၏ ဝင်ငွေဆိုသည်မှာ သတ်မှတ်ထားသည့်ဘဏ္ဍာ ရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများမှ ရရှိသည့်ဝင်ငွေနှင့် အသုံးစရိတ်တို့၏ ခြားနားချက်ပင်ဖြစ်သည်။ ကုမ္ပဏီတစ်ခု၏ ဝင် ငွေသည် ကုမ္ပဏီတစ်ခုအတွင်းရှိ စီမံခန့်ခွဲမှုစနစ်များနှင့် ထုတ်ကုန် အရည်အသွေးများအပေါ် မူတည်ကာ ပြောင်းလဲလေ့ရှိသည်။ ထို့ အပြင် ပြင်ပအကြောင်းရင်းများဖြစ်သည့် လူဦးရေသိပ်သည်းမှုနှင့် အပြောင်းအလဲ၊ စီးပွားရေးတိုးတက်မှုနှုန်း အပြောင်းအလဲနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲများပေါ်တွင် လည်း မူတည် လျက်ရှိပါသည်။ ကုမ္ပဏီ၏ခိုင်မာတောင့်တင်းမှုကို ကုမ္ပဏီ၏ ဝင်ငွေ ကောင်းမွန်မှုတစ်ခုတည်းဖြင့် အမြဲတိုင်းတာ၍မရပါ။ တစ်ခါတစ်ရံ ကုမ္ပဏီ၏ ဝင်ငွေနှင့် အသုံးစရိတ်များကို အချိန်ကိုက်ရရှိစေရန် ဖန်တီးခြင်း၊ စာရင်းဇယားများကို ကစားြ ခင်းဖြင့်  ဝင်ငွေကောင်းမွန်စေ ရန် ဆောင်ရွက်နိုင်ပါသည်။ သုတေသီများသည် ကုမ္ပဏီ၏ အခြေ အနေကို အတိုးငွေများ၊ အခွန်များ၊ တန်ဖိုးလျော့များနှင့် အကြွေး များကို အရစ်ကျပြန်ဆပ်ခြင်းများ မပြုလုပ်မီအခြေအနေ (Earnings Before Interest, Taxes, Depreciation and Amortization-EBITDA)ကို ပိုမိုလေ့လာလိုကြပါသည်။ ယင်းကိန်းဂဏန်းသည် ကုမ္ပဏီ၏သရုပ်မှန်ကို ပိုမိုပေါ်လွင်စေပါသည်။

ငွေသားစီးဆင်းမှု
       ငွေသားစီးဆင်းမှု (Cash Flow) ဆိုသည်မှာ သတ်မှတ်ထား သည့် နှစ်တစ်နှစ်အတွင်း ရရှိသည့်ဝင်ငွေ (ရရှိရန် လျာထားသည့် ဝင်ငွေများမပါဝင်) နှင့် နှစ်အတွင်း သုံးစွဲခဲ့သည့်ငွေပမာဏတို့၏ ခြားနားချက်ဖြစ်သည်။ ယင်းပမာဏကိုကြည့်ခြင်းဖြင့် ကုမ္ပဏီ အနေ နှင့် နှစ်တစ်နှစ်အတွင်း ငွေသားအမှန်တကယ် လုံလောက်မှုရှိ။မရှိ ကို သိရှိနိုင်မည်ဖြစ်သည်။ အပေါင်းလက္ခဏာရှိသော ငွေသားစီးဆင်း မှုသည် ကုမ္ပဏီရှယ်ယာဈေးနှုန်းကို မြင့်တက်စေသလို အနုတ် လက္ခဏာဆောင်သည့် ငွေသားစီးဆင်းမှုသည် ကုမ္ပဏီ၏ ရှယ်ယာ ဈေးနှုန်းကို ထိခိုက်စေပါသည်။

အမြတ်ဝေစု
        ရှယ်ယာရှင်များသို့ ခွဲဝေပေးသည့်ငွေကို အမြတ်ဝေစု (Dividend) ဟုခေါ်ပါသည်။ နိုင်ငံအများစုတွင် အမြတ်ဝေစုနှုန်း သိသိသာသာ ကောင်းမွန်သည့်ရှယ်ယာများအပေါ် ဈေးကွက်က ကြိုက်နှစ်သက် လေ့ရှိပါသည်။ တစ်ခါတစ်ရံ စတော့ဈေးနှုန်းများ ဈေးကွက်တွင်မြင့် တက်မလာသည့်တိုင် အမြတ်ဝေစု ကောင်းမွန်မှုကြောင့် ယင်း ရှယ်ယာများကို ပိုမိုနှစ်သက်လေ့ရှိပါသည်။ ပင်စင်ရန်ပုံငွေ အဖွဲ့ များ၊ အဖွဲ့အစည်းလိုက်ရင်းနှီးမြှုပ်နှံသူများသည် အမြတ်ဝေစု ကောင်းမွန်သည့် ရှယ်ယာများကို ပိုမိုရင်းနှီးမြှုပ်နှံေ လ့ရှိကြ ပါသည်။ ယင်းကို အမြတ်ဝေစုပေးဝေသည့်နှုန်း (dividend yield)ဖြင့် တွက်ချက်လေ့ရှိပါသည်။ ယင်းနှုန်းကို  နှစ်စဉ်ပေးဝေသည့် အမြတ်ဝေစုကို ရှယ်ယာပေါက် ဈေးဖြင့်စားခြင်းမှ ရရှိပါသည်။ အမြတ်ဝေစုနှုန်း မြင့်တက်ခြင်းဖြင့် ရှယ်ယာ ဈေးနှုန်း သည်လည်း မြင့်တက်နိုင်ပါသည်။ သို့သော် ခြွင်းချက်များလည်း ရှိပါသည်။ ကုမ္ပဏီ၏ ငွေသားစီးဆင်းမှုအရ တစ်ခါတစ်ရံ အမြတ်ဝေစုပေးေ၀ ရန် လုံလောက်သည့် ငွေမပြည့်သည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ သက်တမ်းနုသော၊ တိုးတက်မှုနှုန်း မြန် ဆန်သော ကုမ္ပဏီများသည် အမြတ် ဝေစုနှုန်း အနည်းငယ်သာပေးခြင်း (သို့မဟုတ်) လုံးဝပေးနိုင်ခြင်းမရှိဘဲ ရရှိ လာသောငွေများကို ကုမ္ပဏီတိုးတက်ရေးအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လေ့ရှိပါသည်။ အမြတ်ဝေစုကို ကုမ္ပဏီ၏ သတ်မှတ်ထားသည့် မှတ်ပုံတင်နေ့ရက်တွင် ရှိသည့် ရှယ်ယာပိုင်ရှင်များသို့ ပေးဝေလေ့ရှိပါသည်။ အမြတ်ဝေစုရရှိရန် ရှယ်ယာရှင်များသည် သတ်မှတ်ထားသည့် မှတ်ပုံတင်နေ့ရက်တွင်ရှယ်ယာ များ ပိုင်ဆိုင်ထားရန်လိုအပ်ပါသည်။ သို့အတွက်ရှယ်ယာများ မှတ်ပုံတင်သည့် နေ့မတို င်မီ နှစ်ရက်သုံးရက်အတွင်း ရှယ်ယာများ ဝယ်ယူရန်လိုအပ်ပါသည်။ ယင်းကို Cum-dividend ဖြင့်ရောင်းဝယ်သည်ဟု ဆိုပါသည်။ ရှယ်ယာမှတ်ပုံ တင်ရက်ကျော်မှ ဝယ်ယူသူများသည် ယင်းဘဏ္ဍာရေးနှစ်အတွက် အမြတ် ဝေစု ရရှိမည်မဟုတ်ပါ။ ယင်းကို Ex-dividend ဖြင့်ရောင်းဝယ်သည်ဟုဆိုပါ သည်။ တစ်ခါတစ်ရံကုမ္ပဏီများသည် ရှယ်ယာအပေါ်အမြတ်ငွေကို ငွေသား ဖြင့်ပေးဝေခြင်းမရှိဘဲ စတော့များဖြင့်ပေးခြင်းလည်း ရှိပါသည်။ စတော့ဖြင့် အမြတ်ဝေစုပေးခြင်းသည် ကုမ္ပဏီ၏ အရန်ငွေကြေးများကို စတော့ အဖြစ် ပြောင်းလဲကာ ရှယ်ယာရှင်များကိုပေးဝေခြင်းဖြစ်သောကြောင့် ယင်းကိုရင်းနှီး ငွေမြှင့်တင်သည့် စတော့များဟုလည်း ခေါ်ဆိုပါသည်။

ပိုင်ဆိုင်မှုတန်ဖိုးများ
       ကုမ္ပဏီအနေဖြင့်အိမ်ခြံမြေ၊ စက်ပစ္စည်း၊ နည်းပညာ၊ ကုန်စည် အစ ရှိသည့်ပစ္စည်းများကို ပုံစံအမျိုးစုံဖြင့် ပိုင်ဆိုင်လေ့ရှိပါသည်။ ယင်းပိုင်ဆိုင် ပစ္စည်းများ၏တန်ဖိုးသည် ဈေးကွက်၏အင်အားအရ ပြောင်းလဲမှုများ ရှိနေ ပါသည်။ ယင်းပိုင်ဆိုင်ပစ္စည်းတန်ဖိုး ပြောင်းလဲခြင်းသည်လည်း ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းကို အပြောင်းအလဲဖြစ်ပေါ်စေပါသည်။

သုတေသီများ၏ ခန့်မှန်းချက်များ
       စတော့ဈေးကွက်တွင်ပါဝင်သည့် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများ (သို့)စတော့ပွဲစားကုမ္ပဏီများသည် ဈေးကွက်ကျွမ်းကျင်သူသုတေသန ပညာရှင်များကို ခန့်အပ်ထားလေ့ရှိပါသည်။ ယင်းသုတေသနပညာရှင်များ သည် မည်သည့်ရှယ်ယာများ သည် သတ်မှတ်သည့်ကာလအတွင်း မည်သို့ သော စွမ်းဆောင်ရည်များ ဖြစ်ပေါ်နေသည်ကို ရင်းနှီးမြှုပ်နှံမှုများသို့ အကြံဉာဏ်ပေးရပါသည်။ အခြေခံအားဖြင့် ကုမ္ပဏီ၏ စီးပွားရေးမဟာဗျူဟာများ၊ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုအခြေအနေ၊ လက်ရှိဈေးကွက် တွင် ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ကုမ္ပဏီ၏ နှစ်အလိုက် ဝင်ငွေများအပေါ်တွင် အခြေခံကာ အနာဂတ်တွင်ရှိနိုင်မည့် အခြေအနေများကို သုတေသနပြုလုပ် ကြရပါသည်။ နောက်ဆုံးတွင် ကုမ္ပဏီ၏ အခြေအနေအားလုံးအပေါ် ကောက်ချက်ချကာ အနာဂ တ်တွင် ဈေးနှုန်းမည်မျှဖြစ်နိုင်မည်ကို ခန့်မှန်းကြပါသည်။ တစ်ခါတစ်ရံ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ သုတေသနအဖွဲ့များ၏ သုတေသနပြုချက်များကို အဝေဖန်ခံရခြင်းများလည်းရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းအဖွဲ့များသည် ကုမ္ပဏီများ မှ ရှယ်ယာများ ရောင်းချရာတွင် တာဝန်ခံဖြန့်ချိရောင်းချသူ (Underwriter)များအဖြစ် ဆောင်ရွက်လေ့ရှိသောကြောင့် ၎င်းတို့၏ရှယ်ယာရောင်းချမှု လုပ်ငန်းများ အောင်မြင်ရေးအတွက် သုတေသနပြုချက်များကို သာသာထိုးထိုးရေးသားကြခြင်းကြောင့် ဖြစ်ပါ သည်။ အချို့ကိစ္စရပ်များတွင် သုတေသီများသည် ၎င်းတို့ထောက်ခံထားသည့် ရှယ်ယာများကို ၎င်းင်းတို့ကိုယ်တိုင် ဝယ်ယူရင်းနှီး ကြခြင်းလည်းရှိပါသည်။ မည်သို့ပင်ဖြစ်စေ သုတေသနအဖွဲ့များ၏ ထုတ်ပြန် ကြေညာချက်များက ကုမ္ပဏီရှယ်ယာဈေးနှုန်းကို မြင့်တက်စေခြင်း၊ နိမ့်ကျစေ ခြင်းများကိုဖြစ်ပေါ်စေကာ ရှယ်ယာဈေးနှုန်းကို အဓိကအကျိုးသက်ရောက် စေသော အကြောင်းရင်းများကို ဖြစ်ပေါ်စေပါသည်။

 

ထွန်းသက်ထွန်း

Local Trade News

Pages