ရွှေဘိုဈေးကွက်၌ ပဲတီစိမ်းသီးနှံများ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်

Tue, 07/23/2024 - 03:16 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ ပဲတီစိမ်းသီးနှံများ မေလ၊ ပထမပတ် မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ၊ ဒုတိယပတ်တွင် အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းသီးနှံ တစ်တင်းလျှင် ငွေကျပ် ၄၅,၆၀ဝ ပေါက်ဈေးရှိပြီး ၉၀၀ တင်း၊ တန်အားဖြင့် ၂၉ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ၊ ပထမပတ်နှင့် ဇူလိုင်လ၊ ဒုတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဇူလိုင်လ၊ ပထမပတ်၌ ပဲတီစိမ်းသီးနှံ တစ်တင်း လျှင် ငွေကျပ် ၅၀,၀၀ဝ ပေါက်ဈေး ရှိခဲ့သဖြင့် ဇူလိုင်လ၊ ဒုတိယပတ်တွင် ပဲတီစိမ်းသီးနှံ တစ်တင်း လျှင် ငွေကျပ် ၄,၄၀ဝ လျော့နည်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages