သစ်သီးဝလံများ ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးပွဲကျင်းပ

Fri, 09/06/2019 - 05:06 -- admin_ygn

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့  မြန်မာအပြည်ပြည်ဆိုင်ရာ  ကုန် သွယ်မှုဗဟိုဌာနက ကြီးမှူး၍ သစ်သီးဝလံ များ ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးပွဲကို သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ကုန်သွယ် ရေးဦးစီးဌာန ရန်ကုန်ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဖေကြိုင်တို့က အဖွင့်နှုတ် ခွန်းဆက်စကား  ပြောကြားကြသည်။

   ထို့နောက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်း ရေးမှူး ဒေါ်စန္ဒာမျိုးနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ ဒုတိယညွှန်ြ ကားေ ရးမှူး  ဒေါက်တာသက်လွင်ဦးတို့က ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာ့သစ်သီးဝလံဈေး ကွက်အခြေအနေနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန၏  ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင် ရွက်မည့်  အစီအစဉ်များ၊  ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့သည်။

    ဆက်လက်၍  တက်ရောက်လာကြ သည့် ကုန်သည်လုပ်ငန်းရှင်များက ၎င်းင်းတို့ ၏ ထုတ်ကုန်၊ ဈေးကွက်နှင့် ပြည်ပတင်ပို့ နိုင်မှု  အခြေအနေများကို  မိတ်ဆက်ဆွေး နွေးကြပြီး မြန်မာအပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုဗဟို ဌာန တာဝန်ခံနှင့် မြန်မာနိုင်ငံ  သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများ အသင်း  အတွင်းရေးမှူး ဦးကျော်သူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့  ရန် ကုန်၊ မန္တလေး၊ တောင်ကြီး၊ သီပေါ၊ တောင်ကုတ်၊ ထားဝယ်၊ သံတောင်ကြီးမြို့များမှ ကုန်သည် လုပ်ငန်းရှင် ၇၀ ခန့်နှင့်  သတင်းမီဒီယာ သမားများ တက်ရောက်ခဲ့ကြသည်။

 

MITC

Local Trade News

Pages