ရန်ကုန်ကားဈေးကွက်အတွင်း လက်ရှိအသုံးပြုနေသော ဂျပန်ညာမောင်းကားများ အဝယ်များပြီး ဈေးမာနေ

Fri, 07/12/2019 - 04:46 -- admin_ygn

         ရန်ကုန်မြို့ကားဈေးကွက်အတွင်း ယခုမိုးတွင်းကာလ မိုးများသောအချိန်တွင် ဂျပန်ညာမောင်းကားလေးများသာမက ဖိုးဝှီလ်းအင်ဂျင်ပါဝါကြီးအောက်ပိုင်းမြင့် ဝက်ဂွန်များလည်း ပြန်လည်အဝယ်ရှိလာကြောင်း သိရသည်။ ရန်ကုန်သာမက မန္တလေးနှင့် အခြားနယ်မြို့ဈေးကွက် များတွင်လည်း ဂျပန်ညာမောင်းကားများသာ အများအားဖြင့်  ဈေးကွက်ဦးဆောင်နေပြီး လတ်တလောကားလေးများ ဈေးမာ နေသဖြင့် ရန်ကုန်ဝယ်လက်များလည်း မန္တေ လး၊ မော်လမြိုင် မြို့များရှိ ရုပ်ခံကောင်းသော ကားလေးများအား လိုက်လံရှာ ဖွေ ရောင်းချသလို ရန်ကုန်လိုင်စင်မှာ ရောင်းချရလွယ်ကူသဖြင့် ရန်ကုန်လိုင်စင်ကြိုက်သည့် နယ်စပ်ဝယ်လက်များလည်း ရန်ကုန် ဈေးကွက်တွင် ဝယ်ယူရန်လာကြကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။
      ဈေးကွက်ထဲတွင် ကားဈေးမာနေသည့်အတွက် သဘောတရားအရ ဂျပန်ညာမောင်းကားလေးများ အမေးများကာ ပိုမိုဝယ်ယူမှုရှိနေပြီး ယခင်ကလို ဈေးအများကြီးအမြတ်အစွန်း မရသော်လည်း အဝယ်လိုက်သည့်ကာလ တွင် ရုပ်ထွက်ကောင်း သော ကားများ၊ ရန်ကုန်လိုင်စင်ဖြင့်ဈေးကွက်တွင် အသုံးများ သော ဝက်ဂွန်များဖြင့်သည့် စီအာဗီ၊ ကလူဂျာ၊ အာလ်ဖတ်၊ ဗင်းဂတ် စသည်တို့မှာ လတ်တလောအဝယ်ပြန်ရှိလာပြီး တစ်ပတ်အတွင်း လေး ငါးစီးရောင်းထွက်ကြောင်း သိရသည်။
      ကားဈေးမာပြီးအဝယ်လိုက်လာသဖြင့် ယခင်က လူသုံး နည်း ဆလွန်းကားများဖြစ်သော နီဆန်းအုပ်စုဝင် သိန်း၂၀၀  ပတ်လယ်ကွက် ပျောက်ကားများပါ ရုပ်ခံကောင်းပါက ဝယ်ယူ လာကြပြီး လုပ်ငန်းသုံးကားတစ်ပတ်ရစ် များလည်း အသင့်အတင့်အဝယ်ရှိကြောင်း ပြည်တွင်းဆင် ဂျပန်ဘယ်မောင်း ကားများထဲမှ အာတီဂါ ပုံစံသစ်မှာ ရောင်းမလောက် အမှာစာ မပြတ်ဖြစ်နေပြီး အခြားကားများမှာ ထင်သလောက် မရောင်း ရကြောင်း၊ သို့ရာတွင် အရစ်ကျစနစ်ဖြင့် ဝယ်ယူမှုများလာပြီး  အသစ်ချက်ချွတ် ဝယ်စီးသူများကလည်း တစ်နှစ် နှစ်နှစ်ခန့် စီးပြီး နောက်ပိုင်းဈေးကွက်အတွင်းသို့ ပြန်လည် ရောင်းချမှုရှိ လာသဖြင့် အက္ခရာနိမ့်သုံးစွဲပြီး အာတီဂါ ကားဟောင်းများမှာ ဈေး သိန်း ၂၀-၃၀ အကွာဖြင့် ဈေးကွက်ထဲသို့ရောက်ရှိနေပြီး  ယင်းတို့နှင့်ရော၍ တိုယိုတာဝှရှ် ကားများလည်း အဝယ်ရှိ လာကြောင်းဝါရင့် ကားဝယ်ရောင်းအချို့က ပြောသည်။

 

SN

Local Trade News

Pages