မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်းများ ကနဦးခြေလှမ်း

Fri, 09/06/2019 - 04:59 -- admin_ygn

        စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ Glorious Monywa  Hotel ၌ သြဂုတ် ၂၁  ရက်က အာရှဖောင်ဒေးရှင်းနှင့် DaNa Facility တို့ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (Myanmar Business Envi-ronment Index - MBEI) စာတမ်းကောက်ယူခြင်းနှင့်တွေ့ရှိချက်များအား ရှင်းလင်းခြင်း အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာထမ်းများ တက်ရောက်ကြောင်း သိရသည်။ အခမ်းအနားတွင် DaNa Facility မှ ဦးလင်းမောင်မောင်က ကုန်သွယ်မှုယှဉ်ပြိုင်နိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အာရှဖောင်ဒေရှင်းမှ စီးပွားရေးပညာရှင် ဦးÓဏ်ဝင်းက မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်း ကိန်းများအကြောင်း ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

     အဆိုပါဆွေးနွေးမှုများမှာ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်းသည် မြန်မာနိုင်ငံ၏ ဒေသန္တရစီးပွားရေးဝန်းကျင်ကို လေ့လာသုံးသပ်ပြီး တိုးတက်ကောင်းမွန်စေရန် အထူးလိုက်လျောညီထွေစွာ ဖော်ဆောင်ထားသည့် စစ်တ မ်းကောက် ယူမှုအစီအစဉ်တစ်ခုဖြစ်ပြီး ညွှန်းကိန်းဖော်ထုတ်နိုင်ရန်အတွက် အာရှဖောင်ဒေးရှင်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေမှ လုပ်ငန်းပေါင်း ၅၀၀၀ နီးပါးကို လိုင်စင်ပြုလု ပ်ခြင်း၊ မြေယာအသုံးချနိုင်မှု အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် အခြားအကြောင်းအရာများနှင့်သက်ဆိုင်သည့်အချက်အလက်များကို မေးမြန်းစုဆောင်း ထားခြင်းဖြစ်ကြောင်း၊ ညွှန်းကိန်း၏ရည်ရွယ်ချက်မှာ မြန်မာ့စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုတွင် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးဖွံံ့ဖြိုးမှုနှင့် တိုးတက်မှုနည်းလမ်းများအတွက် အတားအဆီးအခွင့်အလမ်းများကို အမှတ်ပေး အကဲဖြတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများကို သတိပြုအလေးထား မြှင့်တင်သွားရန်ဖြစ်ကြောင်း သိရသည်။

     ဆက်လက်၍ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (MBEI)ကို ညွှန်းကိန်း ၁၀ ခုဖြင့်  ဆန်းစစ်ကြောင်းသိရသည်။ ညွှန်းကိန်း  ၁၀ ခုမှာ ကနဦးကုန်ကျစရိတ်၊ မြေယာအသုံးချနိုင်မှုနှင့်လုံခြုံမှု၊ မှတ်ပုံတင်ခြင်း အလွန်စည်း ကမ်းများ၊ တရားမဝင် ငွေပေးဆောင်မှုများ၊ အခြေခံအဆောက်အအုံ၊ ပွင့်လင်းမြင်သာမှု၊ မူဝါဒရေးရာ ဘက်လိုက်ခြင်း၊ သဘာဝပတ်ဝန်း ကျင်နှင့် ကိုက်ညီမှုရှိခြင်း၊ အလုပ်သမားခန့်အပ်ခြင်း၊  တရားဥပဒေစိုးမိုးမှုတို့ဖြစ်ကြောင်း သိရသည်။  စီးပွားရေးလုပ်ငန်းရှင်များ တိုးတက်အောင်ဖော်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍက စီးပွားရေး၏ မောင်းနှင်အားဖြစ် ပြီး စီးပွားရေးလုပ်ငန်းများဦးမော့ လာရန်အတွက် စီးပွားရေးဝန်းကျင်ကောင်းများ လိုအပ်သည်။ စီးပွားရေးဝန်းကျင်ကောင်း ဆိုတာ အခြေခံအဆောက်အအုံမူဝါဒများ တည်ငြိမ်မှု၊ ရှင်းလင်းခိုင်မာမှု၊ လုပ်ထုံးလုပ်နည်းများသည်  နေရာဒေသမရွေး တစ်ပြေးညီဖြစ်ဖို့၊ စီးပွားရေးလုပ်ငန်းတွေပေါ်မှာပေးသည့် အစိုးရဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းများမှ လိုက်နာရမည့်  အစိုးရက ချမှတ်သည့် စည်းမျဉ်းစည်းကမ်းအစရှိသဖြင့် အကျုံးဝင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ပြည်နယ်များအား ညွှန်းကိန်းများနှင့်ပတ်သက်ပြီး မှတ်သားဖွယ်တွေ့ရှိချက်များမှာ နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများက သေးငယ်သော လုပ်ငန်းများသာဖြစ်ကြောင်း၊ လုပ်ငန်း ၇၈ ရာခိုင်နှုန်းသည် လုပ်ငန်းလည်ပတ်မှု လိုင်စင်သာရှိကြောင်း၊ စည်းမျဉ်းစည်း ကမ်းများသည် ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်းမရှိကြော င်း၊ တရားမဝင်ငွေပေးချေရခြင်းပြဿနာကို ဝန်ဆောင်မှု၊ ကုန်ထုတ် လုပ်သည့်  SME လုပ်ငန်းများတွင် မတွေ့ရကြောင်း၊ ပွင့်လင်းမြင်သာမှုနှင့် ဥပဒေအမိန့်အပိုင်းတို့ကို တိုးတက်ကောင်းမွန် အောင် လုပ်ဆောင်နိုင်မည့် အခွင့် အလမ်းများစွာရှိကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး တိုးတက်ကောင်းမွန် အောင် လုပ်ဆောင်ရန် လိုအပ်မှုရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

နှင်းပန်းဖြူ(ဇေယျာကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages