မျိုးပဲဝယ်ယူမှုများလာတဲ့ ပြည်ကုလားပဲ

Fri, 12/01/2017 - 06:28 -- admin_ygn

         နိုဝင်ဘာတတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ဆောင်းပဲသီးနှံအချို့  မျိုးပဲ များဆက်လက်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဆောင်းပဲသီးနှံဖြစ်သော မတ်ပဲ သီးနှံအစား အချို့ဒေသများတွင် ကုလားပဲသီးနှံအစားထိုး စိုက်ပျိုးလာတဲ့အတွက် မျိုးပဲသီးနံှအား ပန်းတောင်းနှင့်ရန်ကုန်-ပြည်ရထားလမ်းတစ်လျှောက် မြို့နယ်အချို့ မှလာရောက်ဝယ်ယူကြကာ အိတ် ၄၀ ကျော် ၅၀ ထိ ဝယ်ယူကြတယ်လို့ သိရပါ တယ်။ မျိုးပဲဈေးမှာတစ်တင်းကျပ် ၄၅၀၀၀ဖြစ်ပြီး  ပဲခွဲစက်များမှ ဝယ်ယူသည့် ဈေးနှုန်းမှာ တစ်တင်းကျပ် ၃၉၀၀၀ရှိကာ ယခင်တစ်ပတ်ကဈေးနှုန်းထက် လျော့ နည်းသွားခဲ့တယ်လို့သိရပါတယ်။

 

ခင်ဆွေဝင်း

 

Local Trade News

Pages