မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Thu, 11/28/2019 - 09:05 -- admin_ygn

      မုံရွာကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်ခဲ့သည့်  ပဲမျိုးစုံဈေးကွက်အခြေအနေမှာ  ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကုလားပဲ မျိုးစုံ နေ့စဉ်တင်းပေါင်း ၇၀ဝ မှ၈၀ဝအထိ အရောင်းအဝယ် ဖြစ်ပြီး V2 တစ်တင်းပေါက်ဈေးနှုန်းမှာ ကျပ်၂၇၅၀ဝ၊ ထိုင်ဝမ် တစ်တင်း ကျပ်၂၈၀ဝ၀၊ ၉၂၉ တစ်တင်း ကျပ်၂၇၀ဝ၀၊ V3 V7  ကျပ် ၂၆၂၀ဝ နှုန်းပေါက်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ပြန်တက်လာသည်ကို တွေ့ ရသည်။

        ပဲတီစိမ်းသီးနှံပေါက်ဈေးနှုန်းမှာ     တစ်တင်း ကျပ် ၃၀ဝ၀ဝ မှ ၃၅၀ဝ၀အထိ ပေါက်လျက်ရှိပြီး နေ့စဉ် တင်း ၂၀ဝ ခန့်၊ ပဲကြီးတစ်တင်းပေါက်ဈေးနှုန်းမှာ  ကျပ်၂၅၀ဝ၀မှ၃၀၅၀ဝ အထိ၊ နေ့စဉ်တင်း ၂၀ဝခန့်၊    ပဲနီလုံးရိုးရိုးတစ်တင်း ကျပ် ၁၈၀ဝ၀ နှုန်းနဲ့ တင်း၂၀ဝခန့်၊   ပဲနီလုံးကျား တစ်တင်း ကျပ် ၁၉၅၀ဝ၊တင်း၁၅၀ခန့်၊ ပဲပုပ်စေ့တစ်တင်း ကျပ် ၁၈၃၀ဝ ဖြင့် တင်း ၁၀ဝ ခန့်၊   ထောပတ်တစ်တင်း ကျပ်၂၂၀ဝ၀၊ တင်း ၁၀ဝခန့်၊ မြေထောက်ပဲ တစ်တင်း ကျပ်  ၃၈၀ဝ၀မှ ၄၀ဝ၀ဝ အထိ၊ တင်း ၁၀ဝခန့်၊ CP ပြောင်း တစ်တင်း ကျပ် ၈၇၀ဝနှုန်းဖြင့် တင်း၃၀ဝခန့်၊ ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံအသစ်များ ဝင်ရောက်လာသော်လည်း  ရန်ကုန်နှင့် မန္တလေးဝယ်လက်ရှိ၍ ဈေးနှုန်း   ကျဆင်းခြင်းမရှိဘဲ   ဈေးငြိမ်နေသည်။ နှမ်းဖြူ တစ်တင်း ကျပ်၄၅၀ဝ၀-၄၉၀ဝ၀၊  နှမ်းညိုတစ်တင်း ကျပ် ၄၅၀ဝ၀၊ နှမ်းနက်တစ်တင်းကျပ် ၇၀ဝ၀ဝမှ ၈၀ဝ၀ဝ အထိ   ယခုတစ်ပတ်အတွင်း   ဈေးသီးနှံဈေးနှုန်းလည်း မြင့်တက် လျက်ရှိပြီး နေ့စဉ်  တင်း ၅၀ဝမှ ၇၀ဝ အထိ  အသီးသီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဆီဈေးနှုန်းမှာ မုံရွာကုန်စည်ဒိုင်ပေါက်ဈေးနှုန်း နှမ်းဆီ တစ်ပိဿာ ကျပ်၆၂၀ဝ၊   မြေပဲဆီတစ်ပိဿာ  ကျပ် ၅၄၀ဝ၊ စားအုန်းဆီတစ်ပိဿာ  ကျပ် ၁၈၄၀-၁၈၆၀  ပေါက်ဈေးရှိ ကြောင်း သိရသည်။

 

ကြည်ကြည်နွယ်

(ဇေယျာကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages