ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ ဈေးအနည်းငယ်ကျ

Tue, 06/28/2016 - 08:48 -- admin_ygn

           ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ အိန္ဒိယမှ ဝယ်လိုအား အတက်အကျပေါ်မူတည်ပြီး ပြည်ပတင်ပို့မှုအများဆုံးပဲများဖြစ် တဲ့ မတ်ပဲ၊ ပဲစင်းငုံနီတို့မှာ ဈေးနှုန်းအတက်အကျပြောင်းလဲမှုရှိခဲ့ပါ တယ်။ ယခင်တစ်ပတ်က မတ်ပဲ FAQတစ်တန်ကို ၁၈၃၂၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၈၂၆၀၀၀ ကျပ်၊ မတ်ပဲ3Q တစ်တန်ကို ယခင်တစ်ပတ်က ၁၈၉၀၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၈၇၆၀၀၀ ကျပ်နဲ့  ဈေးအနည်းငယ်ကျခဲ့ကြောင်း သိရပါတယ်။ အလားတူ ပဲစင်း ငုံနီကလည်း ယခင်တစ်ပတ်က တစ်တန်ကို ၁၅၅၅၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၅၀၇၀၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျခဲ့ ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။

Local Trade News

Pages