ပြည်မတ်ပဲ လက်ကျန်ပဲဟောင်းများ ရန်ကုန်ဝယ်လက် နေ့စဉ်ဝယ်ယူခဲ့

Fri, 02/09/2018 - 05:11 -- admin_ygn

         ပြည်ပဲဈေးကွက်အတွင်း ပဲတီစိမ်း၊ ပဲစင်းငုံ စသည်ဖြင့်ပဲသစ်များ ဝင်ရောက်နေသော်လည်း မတ်ပဲသီးနှံကတော့ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်း လက်ကျန်များသာရှိခဲ့ပါတယ်။ ပဲလက်ကျန်များအား ရန်ကုန်ဝယ် လက်များမှ ဝယ်ယူခဲ့တဲ့အတွက်   နေ့စဉ်အိတ် ၁၀၀-၁၅၀ ကျော် အရောင်းအဝယ်ဖြစ်လျက်ရှိသလို ပဲဈေးမှာ တစ်တင်းလျှင်ကျပ် ၁၈၀၀၀ ဖြင့် ယခင် တစ်ပတ်ကထက် ဈေးအနည်းငယ်ပိုရလာပြီး လဆန်းရက်က ဈေးထက်တော့ ဈေးလျော့ခဲ့ပါတယ်။ နှစ်ကုန်ပိုင်းက မတ်ပဲသီးနှံဈေးမှာ တစ်တင်း ကျပ်နှစ်သောင်းအထိ ရရှိခဲ့တဲ့အတွက်လည်း ယခုအချိန်မှာ ဈေးအေးနေဆဲဖြစ်လို့ ပဲသစ်ဝင်ရောက် လာချိန်တွင် ဈေးအခြေအနေဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါ တယ်။ယခင်နှစ်က ဇန်နဝါရီလအတွင်း ပဲသစ်များဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့တာ ကို တွေ့ရပြီး ပဲသစ်ဈေးမှာ တစ်တင်းကျပ် ၃၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages