ပြည်ဘိုကိတ်ပဲသစ်များ အဝင်ဆက်ရှိနေပေမယ့် ဈေးငြိမ်

Wed, 12/14/2016 - 04:58 -- admin_ygn

            ဒီဇင်ဘာလဆန်းရက်မှာ ပြည်ဈေးကွက်သို့ ဘိုကိတ် ပဲသစ်များ ပန်းတောင်း၊ ကံမမြို့နယ်များမှ အဝင်ဆက်ရှိခဲ့လို့ တစ်ရက်အိတ် ၅၀ ဝန်းကျင် ဝင်ရောက်ခဲ့ပြီး ဝယ်လက်အနေ ဖြင့် ရန်ကုန်-ပြည် ရထားလမ်းတစ်လျှောက် မြို့နယ်အချို့မှ ဝယ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်လီရော လက်ကားပါ အရောင်းအဝယ် ဖြစ်နေပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၂၅၀၀၀ ဖြင့် ဈေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ဘိုကိတ် ပဲသစ်ဈေးဟာ တစ်တင်းကျပ် သုံးသောင်း ကျော် ရရှိခဲ့လို့ ဈေးကောင်းခဲ့သော်လည်း ယခုနှစ်မှာတော့ ယခင်နှစ်ပဲသစ်ဈေးကို မမီဘဲ ဈေးလျော့နေခဲ့ကြောင်း သိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages