ပြည်တွင်း သကြားဈေးကွက် ၁၀ နှစ်အတွင်း အနိမ့်ဆုံးပေါက်ဈေးရောက်

Thu, 11/28/2019 - 08:15 -- admin_ygn

      ပြည်တွင်း သကြားဈေးကွက်တွင် ယခု ၂၀၁၉ ခုနှစ်၌ သကြား တစ်ပိဿာ လျှင် ကျပ် ၉၅၀ နှုန်းဖြင့် အနိမ့်ဆုံးပေါက်ဈေး ရောက်ရှိနေပြီး ပြင်ပရှိ အမှန် တကယ် ရောင်းဝယ်နေသည့် ဈေးကွက်၌ တစ်ပိဿာ ကျပ် ၉၃၀ ဝန်းကျင်သာ ရှိသောကြောင့် ၁၀ နှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိနေသည်ဟု ဆိုနိုင် ကြောင်း ယင်းဈေးကွက်မှ သိရသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ပြည်တွင်းသကြားတစ်ပိဿာ ကျပ် ၁၀၅၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ကျပ် ၉၅၀ ဝန်းကျင်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး သကြားကုန်စည်ဒိုင်ပေါက်ဈေးနှင့် ပြင်ပဝယ်ရောင်းပေါက်ဈေးမှာ အနည်း ငယ်ကွာဟမှုရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။ ဒီနှစ်မှာ ဒေါ်လာဈေးနဲ့တွက်ရင် မြန်မာ့သကြားက အနိမ့်ဆုံးဈေးလို့ ပြောနိုင်တယ်။ အပြင်မှာ ဒိုင်ပေါက်ဈေးထက် နည်းနည်းလျော့တာမျိုး ရှိတာ က ဈေးနှုန်း ဆွဲတင်ထားတဲ့ သဘောပေါ့။ သကြားဈေးမကောင်းလို့ စက်ရုံတွေ က ကြံဝယ်ဈေး မကောင်းနိုင်တော့ တောင်သူတွေ အဆင်မပြေဖြစ်မယ်။ ပြည်တွင်း သကြားက ပြည်ပသကြားနဲ့ယှဉ်ပြီး မရောင်းနိုင်ဘူးဟု ၎င်းက ပြောသည်။

        ၂၀၁၈ ခုနှစ် ကြံ၊ သကြားရာသီတွင် တရုတ်ဘက်က သကြားဝယ်ယူမှု ရပ်နားလိုက်ခြင်းနှင့် ပြည်ပမှ သကြားမှောင်ခို ဝင်ရောက်မှုများကြောင့် ပြည် တွင်း သကြားစက်များနှင့် ကုန်သည်များ လက်ဝယ်သကြားတန်ချိန် များစွာ စုပုံပိုလျှံ ခဲ့ပြီးဈေးကွက်ပျက်လာကာ အချို့သော သကြားစက်များမှာလည်း ကြံဝယ်ယူမည့် ဈေးနှုန်းများကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။ တရုတ်ကလည်း အဝယ်ပိတ်ထားတာကြာပြီ။ အခုလိုမျိုး နောက်နှစ် တွေဖြစ်နေရင် ပြည်တွင်း ကြံစိုက်ဧက သိသိသာသာလျော့သွားနိုင်တယ်။ အခု သကြားဈေးနဲ့ဆို ကြံစိုက်တောင်သူတွေက ကြံစိုက်ဖို့ သိပ်စိတ်မဝင် စားကြတော့လို့ လက်ရှိ လမိုင်းခင်းတွေကို ဖျက်ချပြီး တခြား အစားထိုးသီးနှံ တွေပဲ ပြောင်းစိုက်ကြမှာပါ ဟု ၎င်းက ဆက်လက် ပြောကြားသည်။

      သို့ဖြစ်၍ သကြားစက်များအနေဖြင့် ယမန်နှစ် ပေါက်ဈေးအတိုင်း ကြံဝယ် ယူရန်၊ Import Policy  နှင့် Production Policy  နှစ်ခုကို ညီမျှအောင် ချိန်ဆလုပ် ဆောင်ရန်အပြင် စားသုံးသူနှင့် စက်မှုလုပ်ငန်းများတွင် Refined Sugar  များ အစားထိုး ထုတ်လုပ်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ ယခု ပြည်တွင်း သကြားစက်ရုံများ၌ လက်ကျန်သကြား အမြောက်အမြား ကျန်ရှိနေခြင်းနှင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ထွက်ရှိမည့် ကြံသီးနှံအတွက် အာမခံချက်မရှိခြင်းတို့ကြောင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့ ကြံစိုက် ဧက ၁၀ ရာခိုင်နှုန်းခန့်လျော့ကျသွားနိုင်ပြီး ယင်းသို့ ကြံစိုက်ဧကလျော့ကျခြင်း သည် သကြားထုတ်လုပ်မှု တန်ချိန် သောင်းဂဏန်းဝန်းကျင်ကို လျော့ကျသွား စေနိုင်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံလုပ်ငန်းရှင်များအသင်းမှ သိရ သည်။ လက်ရှိ မြန်မာနိုင်ငံ၏ ကြံစိုက်ဧကမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဧကပေါင်း လေးသိန်းကျော်ရှိကြောင်း သိရသည်။ 

 

ပန်ဆု

Local Trade News

Pages