ပြည်ကြက်သွန်နီ အရည်အသွေးကောင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

Fri, 02/09/2018 - 05:20 -- admin_ygn

        ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ဝင်ရောက်လာ သော ကြက်သွန်နီများမှာ အရည်အသွေးပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်။ အရည်အသွေးကောင်းမွန်ပြီး အစိုဓာတ် နည်းသွားသည့်အတွက် ဈေးနှုန်းအားဖြင့် ယခင်တစ်ပတ်ထက် လက်ကားေ ဈးအ နည်းငယ် မြင့်တက်သွားတာ တွေ့ရပါ တယ်။ ဈေးအနည်းငယ်မြင့်ပေမယ့်  အရည်အသွေးကောင်း သဖြင့် အရောင်းအဝယ်မှာ အရမ်းအသွက်ကြီးမဟုတ်ပေမယ့် ရောင်းကောင်းသည့် အနေအထားတွင်ရှိနေကြောင်း  ပွဲရုံ လုပ်ငန်းရှင်များ၏ ပြောကြား ချက်အရ သိရှိရပါတယ်။ ရေနံ ချောင်း၊ တောင်တွင်းဘက်မှ ကြက်သွန်နီများ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၃၅၀ခန့် ဝင်ရောက်မှုရှိနေပြီး အရောင်း အဝယ် အနေဖြင့် ဒေသတွင်းဝယ်လက်သမားများ၊ အိတ်ဆွဲ ဝယ်ရောင်းသမားများနှင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအပါအဝင် တစ်ရက်ကို  ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
          ဈေးနှုန်းအနေနဲ့ အရည်အသွေး ပေါ်မူတည်ကာ ခွဲခြား သတ်မှတ်ရောင်းဝယ်လျက်ရှိကာ   ပွဲရုံလက်ကားဈေး တစ် ပိဿာလျှင်ကျပ် ၁၅၀၀-၁၆၀၀-၁၇၀၀-၁၈၀၀ စသည်ဖြင့် ရောင်းချလျက်ရှိပြီး လက်လီဈေးအသေးများတွင် တစ်ပိဿာကို (ကြီး) ကျပ် ၂၂၀၀၊ (လတ်) ကျပ်၂၀၀၀ ၊ (သေး)ကျပ်၁၈၀၀ စသည်ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိပါတယ်။  ယခင်တစ်ပတ် လက်ကားဈေးကျပ် ၁၄၀၀-၁၅၀၀-၁၅၅၀ ရှိ၍ လက်လီဈေး (ကြီး)ကျပ် ၂၂၀၀-၂၄၀၀၊ (လတ်) ကျပ် ၂၀၀၀-၂၁၀၀၊(သေး) ကျပ် ၁၉၀၀ ရှိတဲ့ အတွက်  ယခုတစ်ပတ်ဈေးနှုန်းမှာ ယခင် တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ပွဲရုံလက်ကားဈေး တစ်ပိ ဿာလျှင် ပျမ်းမျှကျပ်၂၀၀ ခန့်   မြင့်တက်သွားတာ တွေ့ရ ပါတယ်။ ဈေးကွက်အတွင်း  တရုတ်ကြက်သွန်နီများလည်း တွေ့ရှိရပြီး   ဗမာကြက်သွန်နီများေ ဈးနှုန်းကျဆင်းသည့် အတွက် တရုတ်ကြက်သွန်နီအနေဖြင့် ဝယ်လိုအားကျဆင်း သွားပြီး အရောင်းအဝယ်အေးနေသလို  ဈေးနှုန်းမှာလည်း ကျဆင်းသွားကြောင်းသိရပါတယ်။ ဈေးနှုန်းအနေနဲ့ ယခင် လက်လီ/ လက်ကားတစ်ပိဿာလျှင် ကျပ် ၉၀၀-၁၂၀၀ ရှိပြီး ယခုလက်လီလက်ကား တစ်ပိဿာလျှင်ကျပ် ၆၀၀-၈၀၀ တို့ ဖြင့် ရောင်းဝယ်လျက်ရှိနေကြောင်းသိရပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)

Local Trade News

Pages