ပြည်ကြက်သွန်နီဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိ

Tue, 10/03/2017 - 06:09 -- admin_ygn

        ပြည်ကြက်သွန်နီဈေးကွက်အတွင်း ယခုစက်တင်ဘာလကုန်ပတ်တွင် ကြက် သွန်နီဈေးနှုန်းများ ယခင်တစ်ပတ်ထက် တစ်ပိဿာကို ပျမ်းမျှ လက်ကား ကျပ် ၂၀၀ နှင့် လက်လီ ကျပ် ၃၀၀ မှ ၄၀၀ အထိ အသီးသီးဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိနေတာ တွေ့ရပါတယ်။ ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် သီတင်းကျွတ်အခါကာလနှင့် ကထိန်ရာသီအခါကာလနီးနေပေမယ့် ဝယ်လိုအားမသွက်ဘဲ ပုံမှန်ဒေသတွင်း ဝယ်လက်သမားများ၊ အိတ်ဆွဲဝယ်ေ ရာင်း သမားများနှင့် ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်သို့ နယ်ကျော်ရောင်းဝယ်မှုအပါအဝင် အိတ် ၂၀၀ မှ ၂၂၀ ထိ အရောင်း အဝယ်ဖြစ်သော်လည်း အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။ ကျောက် ပန်းတောင်း၊ ဆိပ်ဖြူ၊ တောင်တွင်းစသည့် မြို့များမှ တစ်နေ့လျှင် ပိဿာ ၃၀ ဝင် အိတ် ၂၅၀ ခန့် အဝင်ရှိပြီး ပုံမှန်အောက် အဝင်နည်းနေကြောင်းသိရှိရပါတယ်။ အဝင်လည်းနည်း ပစ္စည်းလက်ကျန်လည်း နည်းနေသဖြင့် ဈေးကွက်အတွင်း အရောင်း အဝယ်လည်း အေးနေကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှသိရပါတယ်။ 
     ဈေးနှုန်းမှာ ယခုတစ်ပတ်ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် (ကြီး) ကျပ် ၂၄၀၀ ၊(လတ်) ကျပ် ၂၃၀၀ ၊ (သေး)ကျပ် ၂၀၀၀ မှ ၂၂၀၀ ရှိပြီး လက်လီဈေးအသေး များတွင် (ကြီး) ကျပ် ၂၇၀၀ မှ၂၈၀၀ ၊(လတ်) ကျပ် ၂၅၀၀ ၊ (သေး) ကျပ်၂၃၀၀ မှ ၂၄၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကာ ယခင်တစ်ပတ်လက်ကားဈေးတစ်ပိဿာ (ကြီး) ကျပ် ၂၂၀၀ ၊(လတ်) ကျပ် ၂၀၀၀ မှ ၂၁၀၀ ၊(သေး) ကျပ် ၁၇၀၀ မှ ၁၉၀၀ နှုန်းရှိတဲ့အတွက် ယခုတစ်ပတ်ဈေးနှုန်းမှာ ယခင် တစ်ပတ်ဈေးနှုန်းထက် ပိုမိုမြင့်တက်နေတာတွေ့ရပြီး ယခင်နှစ်ကာလတူ ပေါက်ဈေး (အလတ်စ)ဈေးနှုန်းလက်လီ၊ လက်ကား တစ်ပိဿာလျှင် ကျပ် ၆၀၀ မှ ၇၀၀ ရှိတဲ့အတွက် ယခင်နှစ်ထက် ကျပ် ၁၇၀၀ ခန့် ဈေးပိုမို မြင့်တက် လျက်ရှိနေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်အတွင်း တရုတ်ကြက်သွန်နီများ ယခုတစ်ပတ်တွင် ဝင်ရောက်မှုနည်းသွားသဖြင့်  ဒေသ ကြက်သွန်နီဈေးမှာ ပိုမို၍ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း ပြည်ပွဲရုံလုပ်ငန်း ရှင်များ၏ သုံးသပ်ပြောကြားချက်များအရ သိရှိရပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)

Local Trade News

Pages