ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီနှင့်ပြောင်းဖူစေ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေ

Fri, 08/16/2019 - 03:53 -- admin_ygn

      ယခုတစ်ပတ်ပခုက္ကူ ကုန်စည်ဒိုင် တွင် ၂၀၁၉ ခုနှစ်ထွက်ပဲစင်းငုံနီ တစ် တင်းလျှင် ၃၁၀ဝ၀ ကျပ်ဖြင့် အိတ် ၅၀၊ ၂၀၁၈ ခုနှစ်ထွက် ပဲစင်းငုံနီ တစ်တင်း လျှင် ကျပ် ၂၈၀ဝ၀ အိတ် ၅၀ ၊  ၂၀၁၇ ခုနှစ်ထွက် ပဲစင်းငုံနီ တစ်တင်း လျှင် ကျပ် ၂၈၅၀ဝ ဖြင့် အိတ် ၅၀ ခန့် ဥပုသ်နေ့မှ လွဲ၍ ပုံမှန်အရောင်းအဝယ်ဖြစ်နေ သည်။ ကုလားပဲဝါလုံးကြီး   တစ်တင်း လျှင် ကျပ် ၂၆၃၀ဝ ဖြင့်အိတ် ၅၀၊  ကုလား ပဲဖြူ  တစ်တင်းလျှင် ကျပ် ၂၅၂၀ဝ ဖြင့် အိတ် ၅၀၊ ပဲဇီး ကွက် တစ်တင်းလျှင် ကျပ် ၁၈၈၀ဝ ဖြင့် အိတ် ၅၀၊ ပဲတီစိမ်း ကြီး တစ်တင်းလျှင်  ကျပ် ၃၂၅၀ဝ မှ ၃၃၀ဝ၀ ဖြင့် အိတ် ၅၀၊ ကျွန်းစွန်တာနီ တစ် တင်းလျှင် ကျပ် ၁၉၆၀ဝဖြင့် အိတ် ၁၀ဝ၊ ပဲနီပြား တစ်တင်းလျှင် ကျပ် ၂၄၀ဝ၀ ဖြင့် အိတ် ၅၀၊ ပြောင်းဖူးစေ့ တစ်တင်းလျှင် ကျပ် ၈၃၀ဝ ဖြင့် အိတ် ၅၀ မှ ၁၀ဝ ထိ  ဥပုသ်နေ့မှလွဲ၍ ပုံမှန် အရောင်းအဝယ်   ဖြစ်လျက်ရှိသည်။  နှမ်းညိုမှာ  တစ်ခါတရံ သာအဝင်ရှိ၍ ဈေးကောင်းပြီး  တစ်တင်းလျှင် ကျပ် ၅၁၅၀ဝ ဖြင့် အိတ် ၅၀ မှ ၁၀ဝ ထိ အရောင်းအဝယ်ဖြစ်နေသည်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)

Local Trade News

Pages