နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရောင်းချခွင့် ပြုပြီ

Tue, 12/12/2017 - 05:02 -- admin_ygn

     နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၌ ခေတ်မီစက်မှု လယ်ယာစနစ်ကို အကောင် အထည်ဖော်ရာတွင် အမျိုးအစားအရည် အသွေးကောင်းမွန်ပြီး ဈေးနှုန်းမှန် ကန်သော လယ်ယာသုံးစက်ကိရိယာများကို တောင်သူများအနေဖြင့် ရွေး ချယ်ဝယ်ယူ အသုံးပြုနိုင်မည့် အခွင့် အလမ်းပိုမိုရရှိစေရန်နှင့် လယ်ယာထွက် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်စေရေး အထောက်အကူပြုရန် ရည်ရွယ်၍ လယ်ယာသုံး စက်ကိရိယာများအား မြန်မာနိုင်ငံသားများကိုသာမက နိုင်ငံ ခြား ဖက်စပ်ကုမ္ပဏီများကိုပါ တင်သွင်း ရောင်းချခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ လ ၁၇ ရက် အမိန့်ကြော်ငြာစာ  ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
       ထိုသို့ခွင့်ပြုရာတွင် နိုင်ငံခြားဖက် စပ်ကုမ္ပဏီများအနေဖြင့် လယ်ယာသုံး စက်ကိရိယာ ပစ္စည်းအဖြစ် သတ်မှတ် ထုတ်ပြန်ထားသည့် HS Code များကို သာ တင်သွင်း ရောင်းချခွင့်ရှိကြောင်း၊ ကုမ္ပဏီများအနေဖြင့် တင်သွ င်းရောင်းချရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန် ထားသော လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်သွင်းရမည့်အပြင် ဆက်စပ် ဌာနများ၏ ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ညွှန်ကြားချက်ပါ စည်း ကမ်းချက်များနှင့်အညီလည်း လိုက်နာ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရပါသည်။သို့သော်လည်း ပြည်တွင်းလုပ်ငန်းရှင်များအား ခွင့်ပြုထားသည့် သက်သာခွင့်များအား နိုင်ငံခြားကုမ္ပဏီ များကို တစ်ပြေးညီရရှိခံစားနိုင်စေရန် အတွက်လည်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။အဆိုပါ အမိန့်ကြော်ငြာစာနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သတင်း ရရှိသည်။

 

CTM

Local Trade News

Pages