ဒီတစ်ပတ်မြေသြဇာတန်ချိန် ၁၅၀၀၀နီးပါးဝင်

Wed, 08/30/2017 - 08:30 -- admin_ygn

          သြဂုတ်လ ၁၃  ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃၀၉၆၂၁၀ တန်ဖိုးရှိ မြေသြဇာ ၁၄၇၄၂ ဒသမ ၄၅၂ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဘီလာ ရုစ်နိုင်ငံမှ ၁၅၆၇ ဒသမ ၅၀ တန်၊ တရုတ်နိုင်ငံမှ ၈၇၄၇ တန်၊ ကိုရီးယားနိုင်ငံမှ ၃၁၄ ဒသမ ၉၃၂တန်၊ မလေးရှားနိုင်ငံမှ ၆၅ ဒသမ ၈၄ တန်၊ ပါကစ္စတန်နိုင်ငံမှ တန်ချိန် ၅၀၀၊ ရုရှားနိုင်ငံမှ ၉၉၂ ဒသမ ၃၀ တန်၊ စင်ကာပူနိုင်ငံမှ ၂၈ ဒသမ ၈၀ တန်၊ ထိုင်းနိုင်ငံမှ ၂၀၂၆ဒသမ ၀၈ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ တန်ချိန်၅၀၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင် သွင်းခဲ့တဲ့အမျိုးအစားများမှာ ပိုတက်၊ ယူရီးယား၊ နိုက်တြိုဂျင်၊ အမိုးနီးယားကလိုရိုဒ်၊ ကွန်ပေါင်း၊ သြဂဲနစ်၊ ဓာတ်ဆား၊ အာမိုတို့ဖြစ်ပါတယ်။  ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန် ၄၉၅၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ဒီတစ်ပတ်မှာ မြေသြဇာ တန်ချိန် ၉၇၉၀ကျော် ပိုမို တင်သွင်းခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages