ဈေးကွက်အလားအလာကောင်းတဲ့ ပဲပုပ်

Mon, 12/11/2017 - 08:53 -- admin_ygn

        ပဲပုပ် (Soy) (Soya Bean) သည် အာဟာရ ဓာတ်ကြွယ်ဝသော သီးနှံတစ်မျိုးဖြစ်သကဲ့သို့စီးပွားရေးအရလည်း တွက်ခြေကိုက် မျက်နှာပန်း လှသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပဲပုပ်၏ မူရင်းပေါက်ရောက်ရာဒေသမှာ  အေ ရှ့ အာရှဖြစ်ပြီး ၂၀၁၄ ခုနှစ်စာရင်းအရ အများဆုံးစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများမှာ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး ကမ္ဘာ့အထွက်နှုန်းကောင်းသော နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ပဲပုပ်ကို အ များဆုံးတင်ပို့သော နိုင်ငံ များမှာ အမေရိကန်ပြည်ထောင်စု၊  ဘရာဇီး၊ အာဂျင်တီးနား၊ ကနေဒါနိုင်ငံများ ဖြစ်ပါတယ်။ပဲပုပ်ကိုအများဆုံး တင်သွင်းတဲ့ နိုင်ငံတွေကတော့ တရုတ်၊ အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်၊ အင်ဒိုနီး ရှား အစရှိတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ပဲပုပ်ဟာ ပဲမျိုးစုံသီးနှံများအနက် ပရိုတင်း ခေါ် အသားဓာတ်နှင့် ဆီပါဝင်မှုရာခိုင်နှုန်း အများ ဆုံးသီးနှံဖြစ်ပါတယ်။ ပဲပုပ်အမျိုးအစားကိုလိုက်ပြီး ပရိုတင်း ၃၀ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်း၊ အဆီ ဓာတ် ၁၂ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်း အထိ ပါဝင် ပါတယ်။ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင်စီဓာတ်များ လည်းပါဝင်တဲ့အတွက်  ကျန်းမာရေးအတွက် ကောင်းပါတယ်။ ပဲပုပ်မှာပါတဲ့ ပရိုတင်းဓာတ်ဟာ နွားနို့၊ ကြက်ဥ၊ အခြားအသား တို့မှာပါတဲ့ ပရိုတင်း ဓာတ်နဲ့လည်း တူညီတယ်လို့ ဆိုပါတယ်။
       ပဲပုပ်ကို ကုန်းမြင့်ပိုင်း တောင်ပေါ်ဒေသ များမှာ မေလနှင့် ဇွန်လများတွင် လည်းကောင်း၊ မြေပြန့်တွင်သြဂုတ်လနှင့်စက်တင်ဘာလများတွင် လည်းကောင်း၊ မြေနုကျွန်းများမှာစက်တင်ဘာလနှင့် အောက်တိုဘာလများတွင် လည်းကောင်း စိုက်ပျိုးကြပါတယ်။ ပဲပုပ်ထွက်ရှိသည့်ကာလများ အနေနဲ့ကတော့ ကုန်းမြင့်ပိုင်းမှာ စက်တင်ဘာလ နှင့် အောက်တိုဘာလများတွင် လည်းကောင်း၊ မြေပြန့်ပိုင်းမှာ ဒီဇင်ဘာလနှင့်ဇန်နဝါရီလများတွင်လည်းကောင်း ထွက်ရှိပါတယ်။  အများအားဖြင့် ပဲပုပ်မျိုးများမှာ ရေဆင်း(၅)၊  ရေဆင်း(၆)နဲ့ ရေဆင်း(၁၁)မျိုးတွေကို ဒေသအနှံ့အပြားမှာ စိုက် ပျိုးလျက်ရှိပါတယ်။ မျိုးလိုအပ်ချက်ကတော့ တစ် ဧကကို မျိုးစေ့ ၁၂ ပြည်မှ ၁၆ ပြည်အထိ အသုံးြ ပု ကြပါတယ်။ ပဲပုပ်ကိုသက်တမ်းအလိုက်သက်လျင် မျိုး ၇၅ ရက်မှ ၈၄ ရက်၊သက်လတ် မျိုး ၈၅ ရက်မှ ၉၄ ရက်၊ သက်ကြီးမျိုး ၉၅ ရက်အထက်ဆိုပြီး သတ် မှတ်ထားပါတယ်။ တစ်ဧက ကုန်ကျစရိတ်အနေနဲ့ ကတော့ ကျပ် ၁၁၅၀၀၀ ခန့်ကုန်ကျပါတယ်။ ဒီလိုအာဟာရဓာတ်တွေနဲ့  ပြည့်စုံပြီး ပြည်တွင်းဈေးကွက်လည်းရှိပြီးဖြစ်တဲ့ ပဲပုပ်ကို မန္တလေး တိုင်းဒေသကြီးတွင် ၂၀၁၇-၂၀၁၈ခုနှစ်မှာ မိုးပဲပုပ် ၄၄၆ ဧက၊ ဆောင်းပဲပုပ်  ၃၀၅၂၂ ဧက၊ စုစုပေါင်း မိုးဆောင်းပဲပုပ် ၃၀၉၆၈ ဧကအား စိုက်ပျိုးထုတ် လုပ်ရန်  လျာထားပြီး တိုင်းဒေသကြီးအတွင်း ပဲပုပ် အများဆုံးစိုက်သည့် ပြင်ဦးလွင်ခရိုင်၊ မတ္တရာ မြို့နယ်ဟာ ၁၂၆၄၀ ဧက စိုက်ပျိုးရန်လျာထားပါတယ်။ ပြင်ဦးလွင်ခရိုင် အနေနဲ့ ကတော့ မိုး၊ ဆောင်း ပဲပုပ်ပေါင်းဧက ၁၅၀၀၀ ကျော်ခန့်စိုက်ပျိုးရန်လျာ ထားပြီး မြင်းခြံခရိုင်အနေနဲ့၂၀၁၅-၂၀၁၆မှာဧက ၁၁၂၀၀ ကျော်၊ ၂၀၁၆-၂၀၁၇   ခုနှစ်မှာ ဧက ၁၀၆၀၀ ကျော် စိုက်ပျိုးရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း အနေ နဲ့ ၁၂ တင်းခန့်ထွက်ရှိခဲ့ပါတယ်။ မြင်းခြံခရိုင် မှာ အများဆုံးစိုက်ပျိုးတာကတော့ မြင်းခြံမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ဖြစ်ပါတယ်။  ဒီမြို့နယ်တွေဟာ နှစ်စဉ် ဧက ၅၀၀၀ ကျော် စိုက်ပျိုးလေ့ရှိတဲ့မြို့နယ် များ ဖြစ်ပါတယ်။ ကာလတူနှို င်းယှဉ်ချက်အနေနဲ့ ပဲပုပ်ကို ၂၀၁၆-၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စိုက်ဧက ၁၃၇၀ ခန့်နဲ့၂၀၁၇-၂၀၁၈ ခုနှစ် အောက် တိုဘာလတွင် စိုက်ဧက ၂၄၀၀ ကျော်ဖြစ်တဲ့အတွက်  တောင်သူတွေအနေနဲ့ပဲပုပ်ဟာ  စီးပွားဖြစ် တွက် ခြေကိုက်တဲ့ သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိလာလို့ ပိုမိုစိုက်ပျိုးလာကြပါတယ်။
         မြင်းခြံခရိုင်မှာ ၂၀၁၇-၂၀၁၈ ခုနှစ် လျာ ထားစိုက်ဧက ၁၂၆၀၀ ကျော်မှာ စိုက်ပျိုးပြီး ဧက ၂၄၀၀ ကျော်ဖြစ်ပါတယ်။ မြင်းခြံမြို့နယ်အနေနဲ့ စိုက်ဧက ၇၃၀၀ ကျော်မှာ ၂၀၁၇  ခုနှစ် အောက် တိုဘာလကုန်အထိ ၁၆၄၃ ဧကစိုက်ပျိုးပြီးဖြစ်လို့ အရင်နှစ်တွေထက် ယခုနှစ်မှာ စိုက်ဧက ၂၀၀၀ ကျော် ပိုမိုစိုက်ပျိုးထားရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင်  မြင်းခြံခရိုင်အနေနဲ့ ပဲပုပ်ဟာ ဒေသနဲ့ ကိုက်ညီပြီး စီးပွားရေးအရ တွက်ခြေကိုက်သလို ကုန်ကျ စရိတ်လည်း နည်းပြီး အကျိုးအမြတ်များတဲ့သီးနှံဖြစ်ခြင်းတို့ကြောင့် မတ်ပဲလျာထားဧက ၅၃၂ ဧကမှာ ပဲပုပ် ၂၁၂ ဧကကို အစားထိုး စိုက်ပျိုးသွားမှာလည်းဖြစ်ပါတယ်။ပဲပုပ်ကိုမြင်းခြံမြို့အနီး မြစ်ဘေးနားမှာရှိတဲ့  ကျေးရွာတွေက လာရောက်ရောင်းချပြီး မြင်းခြံရဲ့ပဲပုပ်ဈေးကွက်ကတော့ လက်ရှိပေါက်ဈေး ဗမာပဲပုပ်တစ်ပိဿာ ကျပ် ၂၂၀၀ ဈေးဖြစ်လို့ တစ် တင်း ကျပ် ၄၄၀၀၀ ခန့်နဲ့ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ကာလတူနှိုင်းယှဉ်ချက်အနေနဲ့ ယခင်နှ စ် နိုဝင်ဘာလမှာ ပဲပုပ်ဈေးကတစ်ပိဿာ ၉၇၈ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ကျပ် ၂၂၀၀ နှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ အတွက် ဈေးကွက်အနေအထားအရ အလားအလာကောင်းပြီး တွက်ခြေကိုက် တဲ့အတွက် ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးလာကြတာဖြစ်တယ်လို့ လည်း ကုန်သည်တစ်ဦးကဆိုပါတယ်။ ငါန်းဇွန်မြို့နယ်မှာတော့ ဆောင်းပဲပုပ်ဟာ ရေကျပြီး တင်ကျန်နေတဲ့ နုန်းမြေရေစပ်စပ်မှာ ကြဲပက်စိုက်ပျိုးပါတယ်။ ကုန်းနဲ့ကိုင်းေြ မများမှာ စိုက်ပျိုးပြီး လျာထားဧက ၅၂၀၀ ကျော်မှာဧက  ၇၆၀ ခန့်စိုက်ပျိုးပြီးဖြစ်ပါတယ်။ သက်တမ်းက တော့ သုံးလခွဲမှ လေးလအတွင်းတစ်ဧက ၁၃  တင်းမှ ၁၅ တင်းအထိ ထွက်ရှိတယ်လို့ဆိုပါတယ်။ မနှစ်ကပဲပုပ် အထွက် တင်းပေါင်း ၆၆၃၀၀ ထွက် ရှိပြီး တောင်သူလက်ဝယ်ကျန်ရှိတဲ့ ပဲပုပ်အနည်းငယ်ကိုတင်ပို့ရောင်းချလျက်ရှိကြောင်းနဲ့ လက်ရှိ ပေါက်ဈေး တစ်တင်းကျပ် ၄၀၀၀၀ ခန့်နဲ့ အရောင်း အဝယ်ဖြစ်နေပါတယ်။ ပဲပုပ်(ဗမာ) ဆိုပြီး ကုန် စည် ဒိုင်ဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၂၀၀၀၀  မှ ကျပ် ၁၂၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်းနဲ့ ဗမာပဲပုပ်တစ်ဧက ကုန် ကျစရိတ် ကျပ် ၁၁၅၀၀၀ ခန့်ကုန်ကျပြီး တစ်ဧက ကျပ်သုံးသိန်းခန့်  အကျိုး အမြ တ် ရှိတယ်လို့ တောင်သူတစ်ဦးက ဆိုပါတယ်။
           ပဲပုပ်ကိုမြင်းခြံခရိုင်အတွင်းရှိ  နွားထိုးကြီး မြို့နယ်မှာ ဒေသထွက်ကုန်အဖြစ်  ကောက်ညှင်း ကိုပေါင်းပြီး  ပဲပုပ်ကိုပြုတ်၍ စက်နဲ့ကြိတ်ပြီးရော နှယ်ထားတဲ့  ကောက်ညှင်းပဲပုပ်ခြောက်အဖြစ် လည်းကောင်း၊ ပဲပုပ်ငရုတ် သီးကြော်၊ ပဲပုပ်အသားတုကြော်၊ ဂျူးပဲပုပ်ကြော်ထုပ်လေးများကိုတစ်ထုပ် ကျပ် ၅၀၀ ဖြင့်ရန်ကုန်၊  မန္တလေး၊  တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဝမ်းတွင်း၊ မိတ္ထီလာအစရှိတဲ့ မြန်မာနိုင်ငံ ဒေသအနှံ့အပြားကိုလည်း တင်ပို့ ရောင်း ချလျက်ရှိပါတယ်။ ပဲပုပ်ကိုစားသုံးဆီ(Vegetable Oil) အဖြစ် သာမက လူသုံးကုန်ပစ္စည်းများဖြစ်တဲ့ ပိုးသတ် ဆေး၊ ဆပ်ပြာ၊ အိမ်သုတ်ဆေး၊ ပုံနှိပ်မင်၊ ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းများမှာလည်း အသုံးပြုကြပါတယ်။ ဒါ့အပြင်   စားသောက်ကုန်များဖြစ်တဲ့ အသားတု၊ ပဲပင်ပေါက်၊ ပဲငံပြာရည်၊ ပဲပုပ်စေ့ကျော်၊ ပဲပုပ်ခြောက်ပြား၊ ပဲငါးပိတို့ဟူးတို့အပြင် ဆီထုတ် ပြီးတဲ့ ပဲပုပ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံး ပြုကြပါတယ်။ ပဲပုပ်ဟာ ဈေးကွက်အလားအ လာ ရှိတဲ့ (Potential Crop)အဖြစ် တိုးချဲ့စိုက်ပျိုးသင့်တဲ့ သီးနှံဖြစ်ပေမယ့် အညာမှာ ပဲပုပ်က ဆောင်း ရာသီကာလ ရေနီးတဲ့ဒေသတွေမှာပဲ စိုက်လို့ရတဲ့ အတွက် တိုးချဲ့စိုက်ပျိုးဖို့ ခက်ပါတယ်။ ဒီအတွက် အထွက်ကောင်းမျိုးနဲ့ ဈေးကွက်ကောင်းတဲ့မျိုးတွေ ပြောင်းလဲစိုက်ပျိုးဖို့လိုသလို တန်ဖိုးမြှင့်ထုတ်ကုန် (Value added)အဖြစ် ဈေးကွက်ချဲ့ထွင်ပြီး (Value chain)ကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

 

မျိုးသီတာ (မြင်းခြံ)

Local Trade News

Pages