စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အီတလီနိုင်ငံ၊ ရောမမြို့ ၌ ကျင်းပသော MYANMAR COUNTRY PRESENTATION သို့ တက်ရောက်

Tue, 02/07/2017 - 06:46 -- admin_ygn

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော် ဝါရီ ၃ ရက်တွင် အီတလီနိုင်ငံ ရောမမြို့ အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ရုံးချုပ်၌ ကျင်းပပြုလုပ်သည့် Myanmar Country Presentation Program အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။ Myanmar Country Presentation Pro- gram အခမ်းအနားကျင်းပ ရခြင်း၏ရည်ရွယ်ချက်မှာ အီတလီနိုင်ငံ ရှိ ကုမ္ပဏီများအား မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး အလားအလာများကို ကူးသန်းရောင်းဝယ်ရေးဆိုင် ရာရှုထောင့်မှ ထုတ်ဖော်ပြသနိုင်ရန် ဖြစ်ပြီး ရန်ကုန်မြို့ ရှိ အီတလီနိုင်ငံသံရုံး၊ အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် အီတလီနိုင်ငံ ကုန်သွယ်ရေး အေဂျင်စီတို့ပူးပေါင်း၍ စီစဉ်ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းမြင်သာမှုကို အခြေခံ၍ နိုင်ငံတကာနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ကောင်းမွန်ရေး၊ ပြည်သူ အချင်းချင်းဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေးများ တိုးတက်စေရေးတို့ကို ကြိုး ပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခွင့်အလမ်းများ များစွာပိုင်ဆိုင်ထားသကဲ့သို့ စိန် ခေါ်မှုများလည်း ရှိနေပါကြောင်း၊ စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ရာတွင် ပို့ကုန်မြှင့်တင်နိုင်ရေးသည် အဓိကအချ က်ဖြစ်ပါကြောင်း၊ ပို့ကုန်တိုးလာခြင်းဖြင့် နိုင်ငံအတွက် အခွန်ဘဏ္ဍာငွေများရရှိနိုင်သလို ပြည်တွင်း ထုတ်လုပ်သူများ အကျိုးရှိနိုင်မည်ဖြစ်ပြီး၊ အလုပ်အကိုင် အခွင့်အလမ် များလည်းတိုးလာနိုင်ပါကြောင်း၊ ပို့ကုန်တိုးမြှင့်ရန်အတွက် လယ်ယာလုပ် ငန်းနှင့် SME Sector ကို အထူးအား ထားနေရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆ က်အောင်က မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အခြေအနေများ နှင့်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး လိုအပ် ချက် နှင့်ဖြည့်ဆည်းဆောင်ရွက်ပေးမှု အခြေအနေများကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ညနေပိုင်းတွင် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ  ဦးဇော်မင်းဝင်းနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များသည် အီတလီနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်း ရှင် ၂၀၀ ကျော်တို့နှင့် လုပ်ငန်းရှင်များ အချင်းချင်းအကြား Business to Business Meeting လည်း ကျင်းပခဲ့ကြ ကြော င်း သတင်းရရှိသည်။

 

MOC (IR)

Local Trade News

Pages