ပြည်တွင်းသို့ ဂျုံစေ့များ တန် ၃၀၀ ကျော်ဝင်ရောက်

Tue, 05/07/2013 - 04:12 -- admin

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်းမှာ ဂျုံစေ့ တန် ၃၀၀ ကျော်နဲ့ ဂျုံမှုန့် ၁၈ တန် တင်သွင်းလာတာတွေ့ရပါတယ်။ ယခင်အပတ်ကထက် ဂျုံစေ့ တန် ၁၀၀ နီးပါးနဲ့ ဂျုံမှုန့် ၁၀ တန်ခန့် ပိုမိုတင်သွင်းလာပါတယ်။ ဂျုံစေ့ဈေးကတော့ မုံရွာဘက်မှာ ၅၀ ကီလိုဂရမ်ဝင် တစ်အိတ်ကို ၁၅၇၅၀ ကျပ်ဈေးပေါက်ပြီး အိန္ဒိယဘက်မှာ ၁ ကီလိုဂရမ်ကို ၁၆ ရူပီးဈေးရှိတယ်လို့ သိရပါတယ်။ ဂျုံစေ့ ၁ ကီလိုဂရမ်ကို ယခင်က ၁၇ ရူပီးမှ ယခု ၁၆ ရူပီးဖြစ်တာကြောင့်ရော၊ ပြည်တွင်းအဝယ်ရှိတာကြောင့်ပါ တင်သွင်းမှုပိုမိုရခြင်းဖြစ်ပါတယ်။ ဂွာလတီးဒေသထွက်ဂျုံမှုန့်များကို တမူးနယ်စပ်မှ တစ်ဆင့် တင်သွင်းလျက်ရှိပြီး ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေရန် ဒေသသုံးအတွက်ရည်ရွယ်ပြီး တင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းသို့ ဝင်ရောက်လျက်ရှိတဲ့ ဂျုံမှုန့်တံဆိပ်များကတော့ Shree Brand ၊ OM Brand  နဲ့ Cross Brand စတဲ့ တံဆိပ်သုံးမျိုးဖြင့် ဝင်ရောက်လျက်ရှိပါတယ်။
MIRT (DOBT)

Border Trade News

Pages