ပုံမှန်တင်ပို့တဲ့ မြန်မာ့ပရဆေး

 

          ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၇၁၄သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၇ မျိုးကို တန်ချိန်အားဖြင့် ၄၂၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ နေလဲစေ့၊  ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ သီဟိုစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ မန်ကျည်းသီး (အစေ့ပါ)၊ တောဂျင်း၊ တောဂျူးမြစ်၊ ဒရင်ကောက်မြစ်၊ ဆီးဆံ၊ ဆီးသီးခြောက်၊ ဝဥခြောက်၊ ဝဥအစို၊ နနွင်းတက်၊ ကွမ်းသီးခွံ၊ မုတ်ခါးနဲ့ နာနတ်လျှော် တို့ဖြစ်ပါတယ်။  ယခင်သီတင်းပတ်က  ကုန်ကြမ်းအမယ် ၁၂ မျိုးကို တန် ၄၀ဝ ကျော်တင်ပို့ခဲ့တဲ့အတွက် တရုတ်နိုင်ငံမှာ လိုအပ်သလို အသုံးပြုလို့ရတဲ့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပရဆေးကုန်ကြမ်းတွေကို မူဆယ်နယ်စပ်ကနေ ပုံမှန်တင်ပို့နေရတယ်ဆိုတာ  Commerce Journalူ မှ တစ်ဆင့် သတင်းကောင်းပါးလိုက်ပါတယ်။

                                                                                                                                                                        မော်မော်အောင် MIRT (DCCA)