“တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Master of International Business သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခြင်း ” ခေါင်းစဉ်ဖြင့် သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ -၂ ၌ Knowledge Sharing ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန် တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်သီတာကျော်က “တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Master of International Business သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြရာတွင် သင်တန်းတက် ရောက်ခဲ့စဉ်အတွင်း အတွေ့အကြုံများ အကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါသည်။
၃။ အဆိုပါ ဆွေးနွေးမှုနှင်ပတ်သက်၍ ညွှန်ကြားရေးမှူး ဦးညီညီအောင်က ဖြည့်စွက် ဆွေးနွေးခဲ့ပြီး အရာထမ်း (၃) ဦးတို့က သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က သင်တန်းတက်ရောက်မှုများနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ပါသည်။
၄။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က ဆွေးနွေးတင်ပြသော ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာကျော် အား ဂုဏ်ပြု ချီးမြှင့်ငွေ ပေးအပ်ခဲ့ပါသည်။
၅။ အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း (၆၇) ဦး၊ အမှုထမ်း (၄၈) ဦး ၊ စုစုပေါင်း (၁၁၅) ဦး တို့ တက်ရောက်ခဲ့ပါသည်။
