DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၀၀၀)ဒေါ်လာသန်းဖြင့် စုစုပေါင်း(၃.၀၀၀)ဒေါ်လာသန်း ဖြစ်သည်။

ဇူလိုင်လ(၃၁)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၁.၉၂၈)ဒေါ်လာသန်း၊ သွင်းကုန် (၂.၃၄၇) ဒေါ်လာသန်း၊ စုစုပေါင်း (၄.၂၇၅)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ်(၁၄၂%) ဆောင်ရွက်ပြီးဖြစ်သည်။

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၂) ရက်နေ့မှ ဩဂုတ်(၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၄.၂၅၆)ဒေါ်လာသန်း၊ သွင်းကုန်(၃၁.၂၂၉)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၄၅.၄၈၅)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၂-၇-၂၀၂၃ မှ ၂၈-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၈၆၂.၂၀၉) တန်၊ တန်ဖိုး (၀.၂၄၀)ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၄၅)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန်(၁၁၈)တန်၊ တန်ဖိုး(၀.၂၂၈) ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန်(၁၆၈)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန် (၂၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခုလဆန်းပိုင်း၌ တစ်ဖက်နိုင်ငံ ဝယ်လက်သည် ပြောင်း ၁ ကီလိုလျှင် (၉.၅)ဘတ်မှ (၉.၈)ဘတ်ခန့်သာ ဈေးပေးဝယ်ယူခြင်း၊ တာချီလိတ် စိုက်ပျိုးရေးဦးစီးဌာနမှ အဆိပ်ငွေ့ မှိုင်းတိုက်ခြင်းလုပ်ငန်းစဉ် မှန်ကန်မှု

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်း တို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ ဇူလိုင်လ(၃၀)ရက်နေ့အတွင်း ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၀)ဒေါ်လာနှုန်းဖြင့် (၇.၂)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း ငါးမှုန့်တစ်တန်လျှင် (၉၀၀)ဒေါ်လာနှုန်းဖြင့် (၈၁၀)တန်၊ တန်ဖိုး (၀.၇၂၁)ဒေါ်လာသန်း ငါးကြိတ်သား၊ ငါးမှုန့်အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ

DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၅-၇-၂၀၂၃)ရက်နေ့မှ (၂၈-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊  မတ်ပဲ၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ငါးကြင်း၊ ငါးကြင်းစီဖောင်း၊ ကဏန်း၊ ငါးခွေးလျှာတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်၊ ဒန့်ဒလွန်စေ့၊ ရှားစောင်းပင်ခြောက်၊ ဖိနပ်နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ်အထည်များ တင်ပို့ခဲ့သည်။  

DotBorderdep

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၃၀-၇-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၈၂၀) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၁၉၉) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၀၁၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လျာထားချက်မှာ ပို့ကုန်(၁.၀၀၀)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀)ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ(၁-၇-၂၀၂၃မှ ၃၀-၇-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁.၀၂၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၁၁၃)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၀၈.၀၆%) ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။

DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့မှ (၃၀) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၄၆၅) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၃၆) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၇၀၁) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၆-၇-၂၀၂၃) မှ (၃၀-၇-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၁၀၀.၀၀)တန်၊ တန်ဖိုး(၀.၀၄၅)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၉၄.၅၀)တန်၊ တန်ဖိုး(၀.၀၇၈)ဒေါ်လာသန်း၊ ပြောင်း(၂၈.၂၉၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်း၊ ရာဘာ(၅၆.၀၀)တန်၊ တန်ဖိုး (၀.၀၇၀)ဒေါ်လာသန်း၊ Aluminiun Ingot (၃၃.၅၆)တန်၊ တန်ဖိုး(၀.၀၆၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။