DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

                    မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

               ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန်(၁.၅၀၀)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၆-၈-၂၀၂၃ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၁၈၁)ဒေါ်လာသန်း၊ သွင်းကုန် (-)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၀.၁၈၁)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၁.၃၃%) ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

              မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂)ရက်နေ့မှ (၆)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၇၉) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၈) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၀.၁၈၇) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

                 ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

                 မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိ ရာ (၁-၈-၂၀၂၃)ရက်နေ့မှ (၄-၈-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ငါးကြင်း၊ ငါးရှဉ့်၊ငါးခွေးလျာတို့အပြင် ဂေါ်ဖီထုပ်၊ ချင်း၊ နှမ်းညို၊ ငရုတ်၊ ကွမ်းသီး၊ CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

                 ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃)ယွမ်/ (၃၄၅.၄၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၃၀၀) တန်၊ တန်ဖိုး (၁၀၃၀၂၇.၆၁၀) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

            ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့မှ သြဂုတ်လ(၄) ရက် နေ့ အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၆၇၃) ဒေါ်လာသန်း နှင့် သွင်းကုန် (၂၁.၃၁၁) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ အနေဖြင့် (၂၉.၉၈၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၆၁၁) စီး၊ သွင်းကုန် (၁၅၃၆) စီး ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ် သြဂုတ်လ ၇ရက်နေ့

              လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂-၈-၂၀၂၃) မှ (၆-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၃၀၂.၂၅) တန်၊ တန်ဖိုး(၀.၁၃၇)ဒေါ်လာသန်း၊ ဆန်ကွဲ (၅၇.၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ပြောင်း  (၃၄.၀၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၂.၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ရော်ဘာ(၁၉၈.၀၀)တန်၊ တန်ဖိုး (၀.၂၅၈) ဒေါ်လာ သန်း၊ Aluminiun Ingot (၂၉.၉၀) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။