ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၁၅၇)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၁၀) သန်းနှင့် သွင်းကုန်တန်ချိန် (၄၁၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၈၄) သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ (၁.၃၈၄) ဒေါ်လာသန်း ဖြစ်သည်။