စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုတာ ဘာလဲ။
စာပေနှင့်အနုပညာမူပိုင်ခွင့်သည် စာပေ သို့မဟုတ် အနုပညာလက်ရာ ဖန်တီးမှုများအတွက် ရရှိသော အခွင့်အရေးများဖြစ်သည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်သည် စာပေ သို့မဟုတ် အနုပညာလက်ရာ ဖန်တီးမှုများအတွက် ရရှိသော အခွင့်အရေးများဖြစ်သည်။
ဆက်နွှယ်သည့်အခွင့်အရေးများသည် ဖျော်ဖြေတင်ဆက်မှု၊ ဖိုနိုဂရမ်၊ ထုတ်လွှင့်ချက် များအတွက် ရရှိသော အခွင့်အရေးများဖြစ်သည်။
မူလဖန်တီးမှုများဖြစ်သည့်
- စာပေလက်ရာ၊
- တေးဂီတလက်ရာ၊
- အရုပ်အသံလက်ရာ၊
- ပြဇာတ်လက်ရာ၊
- အနုပညာလက်ရာ၊
- ပထဝီအနေအထားနှင့်ဖြစ်စေ၊ မျက်နှာသွင်ပြင်ဖော်ပြချက်နှင့်ဖြစ်စေ၊ ဗိသုကာလက်ရာ နှင့်ဖြစ်စေ၊ သိပ္ပံပညာနှင့်ဖြစ်စေ သက်ဆိုင်သည့် ရုပ်ပြနမူနာ၊ မြေပုံ၊ စီမံချက်၊ ပုံကြမ်း နှင့် သုံးဖက်မြင်လက်ရာ၊
- စာပေ သို့မဟုတ် အနုပညာလက်ရာများကို ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းခြင်း၊ စီစဉ်ခြင်းနှင့် အခြားနည်းဖြင့် ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်ခြင်း၊
- စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာအတွေး အခေါ်အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက်များ၊
- သက်ဆိုင်ရာနေ့၏ သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက် ဟု သတ်မှတ်နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသောအချက်အလက်များ၊
- ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ဥပဒေများ၊
- နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာနများမှထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ၊
- တရားရုံးစီရင်ချက်များနှင့် အမိန့်များ။
စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် စီးပွားရေးဆိုင်ရာအခွင့်အရေး (Economic Right) နှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာအခွင့်အရေး (Moral Right) ဟူ၍ အခွင့်အရေး ၂ မျိုးရှိပါသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်အနေဖြင့်
- မူပွားခြင်း၊
- ဘာသာပြန်ဆိုခြင်း၊
- မှီငြမ်းခြင်း၊
- ပြုပြင်မွမ်းမံခြင်း၊
- ဖြန့်ချိခြင်း၊
- ငှားရမ်းခြင်း၊
- အများပြည်သူအား ဖျော်ဖြေခြင်း၊
- ထုတ်လွှင့်ခြင်း၊
- အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း၊
- မိမိဖန်တီးထားသည့် စာပေ သို့မဟုတ် အနုပညာလက်ရာများကို စုပေါင်းခြင်း
စသည့် အခွင့်အရေးများကို ရရှိသည်။
ဖျော်ဖြေသူဖြစ်ပါက
- ၎င်း၏ဖျော်ဖြေတင်ဆက်မှုကို အရုပ်အသံပေါင်းစပ်ထည့်သွင်းခြင်း၊
- မူပွားခြင်း၊
- ဖြန့်ချိခြင်း၊
- ငှားရမ်းခြင်း၊
- အများပြည်သူသို့ရရှိခံစားနိုင်စေရန် ပြုလုပ်ခြင်း။
ဖိုနိုဂရမ်ထုတ်လုပ်သူဖြစ်ပါက
- မူပွားခြင်း၊
- ပြည်တွင်းသို့ တင်သွင်းခြင်း၊
- ဖြန့်ချိခြင်း၊
- ငှားရမ်းခြင်း၊
- အများပြည်သူရရှိခံစားနိုင်စေရန် ပြုလုပ်ခြင်း။
မူလလက်ရာရှင်အနေဖြင့်
- မိမိသည် မူလလက်ရာရှင်ဖြစ်ကြောင်း တောင်းဆိုနိုင်သည့်အခွင့်အရေး၊
- အများပြည်သူ အသုံးပြု သည့် စာပေ သို့မဟုတ် အနုပညာလက်ရာ မိတ္တူများပေါ်တွင် မူလလက်ရာရှင်အဖြစ် မိမိ၏အမည်ကိုဖော်ပြခွင့်၊
- မိမိ၏ဂုဏ်သိက္ခာနှင့် ထင်ရှားကျော်ကြားမှုကို ထိခိုက်စေရန် တစ်နည်းနည်းဖြင့် လက်ရာကို ချို့ယွင်းစေခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ယုတ်လျော့သေးသိမ်စေရန် ပြုလုပ်ခြင်းကို ကန့်ကွက်နိုင်သည့်အခွင့်အရေး၊
အမျိုးအစား | အကာအကွယ်ရသည့်သက်တမ်း |
---|---|
မူလလက်ရာရှင် | မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ကွယ်လွန်ပြီးသည့်နှစ်မှ နှစ် ၅၀ |
ဖျော်ဖြေတင်ဆက်သူ | ဖျော်ဖြေတင်ဆက်မှုကို အရုပ်အသံ ပေါင်းစပ်ထည့်သွင်း သည့်နှစ်မှ နှစ် ၅၀ |
ဖိုနိုဂရမ်ထုတ်လုပ်သူ | ဖိုနိုဂရမ်ကို ထုတ်ဝေသည့်နှစ်မှ နှစ် ၅၀ |
ထုတ်လွှင့်သည့်အဖွဲ့အစည်း | ထုတ်လွှင့်ချက်ကို စတင်ထုတ်လွှင့်သည့်နှစ်မှ နှစ်၂၀ |
- မူလလက်ရာရှင်၊
- ပထမမူပိုင်ခွင့်ပိုင်ရှင်အဖွဲ့အစည်း၊
- ဖျော်ဖြေသူ၊
- ဖိုနိုဂရမ်ထုတ်လုပ်သူ၊
- ထုတ်လွှင့်သည့်အဖွဲ့အစည်း၊
- အမွေဆက်ခံသူ၊
- တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စီးပွားရေးဆိုင်ရာအခွင့်အရေးကို လွှဲပြောင်းပေးခြင်း ခံရသူ၊
- ပေးကမ်းခြင်း သို့မဟုတ် လှူဒါန်းခြင်းခံရသူ