ဗီဇာသက်တမ်းတိုးလျှောက်ရန်အတွက် ဘာတွေလိုအပ်ပါသလဲ။

ဗီဇာသက်တမ်းတိုးပေးခြင်းမဟုတ်ဘဲ ထောက်ခံချက်ထုတ်ပေးခြင်းသာ ဖြစ်ပါ သည်။ Online ဖြင့် လျှောက်ထားရမှာဖြစ်ပါသည်။ www.mitcmyantrade.gov. mm သို့ ဝင်ရောက်ပြီး Visa Extension Guideline အားသေချာစွာဖတ်ရှု၍ လျှောက်ထားရမည်ဖြစ်ပါသည်။ မရှင်းလင်းသည်များရှိပါက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဗီဇာသက်တမ်းတိုးမြှင့်သည့် ကာလမည်မျှရနိုင်ပါသလဲ။

လျှောက်ထားသည့်အချက်အလက်များ ပြည့်စုံပါက စိစစ်ရေးဘုတ်အဖွဲ့ဖြင့်စီစစ်ပြီး ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းအကြောင်းပြန်ကြားပေးပါမည်။

ဗီဇာသက်တမ်းမည်မျှကျန်သည့်အချိန်တွင် လျှောက်ထား၍ရပါသလဲ။

ဗီဇာသက်တမ်း အနည်းဆုံးရက် (၃၀) မှ အများဆုံးရက် (၆၀) ကျန်ရှိသည့် အချိန် တွင် သက်တမ်းတိုးထောက်ခံချက်လျှောက်ထား၍ရပါသည်။ အနည်းဆုံးရက် (၃၀) ဆိုသည်မှာ လျှောက်ထားသည့်အချိန်တွင် စာရွက်စာတမ်းစုံလင်ရမည်ဖြစ်ပါသည်။

ဗီဇာသက်တမ်းရက် (၃၀) မကျန်ရှိပါက မည်သို့ဆောင်ရွက်၍ရပါသလဲ။

ဗီဇာသက်တမ်းရက်(၃၀) မကျန်ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထောက်ခံချက်ထုတ်ပေး၍မရပါ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန သို့ တိုက်ရိုက်ဆက်သွယ် လျှောက်ထားရမည်ဖြစ်ပါသည်။

ကျမတို့ကုမ္ပဏီမှာ Hotel နှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်ပါတယ်။ ကျမတို့ ကုမ္ပဏီမှ နိုင်ငံခြားသားဝန်ထမ်းများအား ဗီဇာသက်တမ်းတိုးလျှောက်ထား၍ ရပါသလား။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Business Visa ဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ နေထိုင်ခွင့်သက်တမ်းတိုး လိုပါက ထောက်ခံချက်လျှောက်ထား၍ရပါသည်။ ကုန်သွယ်မှုနှင့်မသက်ဆိုင်ဘဲ အခြားသောလုပ်ငန်းများဖြင့် ဝင်ရောက်လာခြင်းဖြစ်ပါက သက်ဆိုင်ရာဌာနများ တွင်သာ ထောက်ခံချက်လျှောက်ထားရမည်ဖြစ်ပါသည်။

ကုန်စည်ပြပွဲတွင် ပြသလိုသည့်ပစ္စည်းများအတွက် အထွေထွေခွင့်ပြုမိန့်(OGL)ကို မည်ကဲ့သို့ လျှောက်ရပါသနည်း။

ပါဝင်ပြသလိုသည့် (ကုမ္ပဏီ/အသင်းအဖွဲ့)များအနေမှ Letter Head ဖြင့် ညွှန်ကြားရေးမှူးချုပ် ထံလိပ်မူ၍ ပါဝင်ပြသမည့် ပစ္စည်းများ၏ Invoice / Parking List အပြည့်အစုံနှင့် ပြသ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်တို့နှင့်အတူ ပူးတွဲ၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ လျှောက်ထားတင်ပြရမည်ဖြစ်ပါသည်။